မနက်စောစောစီးစီး....ဓားရေး ကျင့်သံတွေနဲ့ အသက်ဝင်နေသော ကျန်းအိမ်တော် ⛺
ချိုမုယွမ် တစ်ယောက် လက်ထဲမှာ ကိုင်ထားတဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး..စိတ်ကို စုစည်းထားလိုက်တော့တယ်...ဒါက သူမရဲ့ နောက်ဆုံး သော သိုင်းကျင့်စဉ်တွေထဲက တစ်ခု~~~~
အရိမ်မဲ့ ဓားသိုင်းကျင့်စဉ်~~~~လက်နဲ့တောင် ထိစရာမလိုပဲ...မျက်စိရှေ့မှာတင် အရွက်တွေ အကုန်ကြွေကျ ကာ....အရိုးပြိုင်းပြိုင်းသာ ကျန်တော့တဲ့ ချယ်ရီပင်
လောင်ကုန်း ..မှာတော့ခပ်လှမ်းလှမ်းကနေ သခင်မဖြစ်သူ
ကို
ို ကြည့်ပြီး စိတ်ပျက်စွာနဲ့ခေါင်းကိုသာတွင် တွင်ခါယမ်းနေမိတယ်....သခင်မကြီးသာ...ဒီကိစ္စကို သိသွားကြည့်...ဘယ်လောက်တောင် ဒေါသထွက်လိုက်မလဲ...?
ကြင်ယာတော် လာတွေ့တာကို တောင် ဓားရေးကျင့်တာ မပျက်....
အနက်ရောင် တိုက်ခိုက်ရေး ဝတ်စုံကို ဝတ်ထားပြီး....မဟူရာဆံနွယ်ရှည်တွေကို စုထုံးထားသော
သခင်မလေး က.....ဘယ်နေရာကများ မိန်းမဆန်လွန်းပါလိမ့်....?
နံ့သာမှုန့်သုံးဖို့ မပြောနဲ့...မျက်နှာပေါ်ကို ဘာမှ အလိမ်းအခြယ် မခံသော သခင်မ....
ချိုဝမ် အိမ်တော်မှာ သမီးမိန်းခလေး မွေးထားတယ် ဆိုတာ
ဘယ်သူက ယုံမှာတဲ့လဲ....တစ်ခြားသော အမျိုးကောင်းသမီးတွေက ပန်းထိုး..ပန်းချီ ဆွဲ
အဝတ်အစား ချူပ်လုပ်နည်းတွေ သင်နေတဲ့ အချိန်မှာ.သူတို့သခင်မလေးကတော့....
ဓားတစ်ချောင်းနဲ့ တစ်နေ့တစ်နေ့ ကျင့်လို့မပြီးနိုင်တဲ့ သိုင်းတွေ...ကို မငြီးမငွေ့ သင်နေတော့သည်။
ထို့ကြောင့်လည်း ချိုဝမ် အိမ်တော်မှာ အပင်တစ်ပင်မှ မရှိတော့တာကိုပဲကြည့်....

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...