Part(1)

6.4K 320 10
                                    

ဂျိမ်း !..အုန်း!!....o_O

ကျယ်​​လောင်​လှ​သော မိုးခြိမ်းသံ ​တွေ​ကြောင့်
....တိတ်​ဆိတ်​ ​နေ​သော ​နေရာတစ်​ခုက စိတ်​​ခြောက်​ခြားစရာအသွင်​ .....​ဆောင်းတွင်း​နေ့လည်​ကြီးမှာ အငြိုးတကြီး ရွာသွန်းလာတဲ့
မိုးသက်​​လေပြင်း​တွေ...အမဲ​ရောင်​.. တိမ်​တိုက်​​တွေ က အ​ရောင်​​တောက်​ပ​နေတဲ့ ​နေမင်း
ကို ဖုံးလွှမ်းလိုက်​တာ​ကြောင့်​ ​နေ့ခင်းဘက်​ဖြစ်​​နေ​ပေမယ့်​ အ​မှောင်​အတိ ကျ​နေ​တော့သည်​..

"အား ..ကျွတ်​ ..ကျွတ်​.."

ဘေးနားမှ ထွက်​​ပေါ်လာ​သော ညည်းသံ ​ကြောင့်​ ..လန့်​နိုးလာတဲ့ ဆယ်​ဂျုံး ဘုရင်​...

"အ့ .ဟင်​...အင်း......"

" မိဘုရား.. ဘာဖြစ်​လို့လဲ ဗိုက်​ နာလို့လား...ဟင်​?"

ချွေး​တွေဆို့​နေတဲ့ သူမနှဖူးကို အသာသုတ်​​ပေးလိုက်​​တော့ လက်​ကို ခပ်​တင်းတင်း ​လေး ဆုပ်​ကိုင်​လာ​သော သူမ....အ​နောက်​​ဆောင်​မိဘုရား (ချူ ​ဆောင်​ဒန်းနန်း​တော်​)
Byun Suu Hwon .....(ဆူဝမ်​မယ်​မယ်​)

"အ့ ..​မောင်​ ..​မောင်​​တော်​....ဗိုက်​ကအရမ်း အ့
နာ​နေတယ်​...က က​လေး ​မွေး​တော့မယ်​ထင်​တယ်​...."

ဖျော့​တော့​တော့ မျက်​နှာ​လေးနဲ့ နာလွန်းလို့ ထင်​ပါရဲ့ နှုတ်​ခမ်း ကို ပြတ်​ထွက်​မတက်​ ဖိကိုက်​ထားတဲ့ သူ သိပ်​ချစ်​ရ​သော မိဘုရား​လေး....တစ်​နည်းအားဖြင့်​ သူ့ရဲ့ ရင်​​သွေး​လေးကို လွယ်​ထားတဲ့ မိန်းက​လေးပါ....

ဝတ်​ရုံ​တော်​ တစ်​ခုကို ထပ်​ဝတ်​လိုက်​ရင်း...သလွန်​​တော်​​ပေါ် က​နေ ထလာလိုက်​​တော့သည်​...အ​မှောင်​ကျ​နေ​သော အခန်း​ကြောင့်​ ဖ​ယောင်းတိုင်​​တွေကိုလိုက်​ထွန်းလိုက်​​တော့ အလင်း​ရောင်​ ​တောက်​လာ​တော့သည်​....

" အပြင်​မှာ ဘယ်​သူရှိလဲ..????..."
အခန်း​ဆောင်​ထဲမှ ထွက်​လာ​သော ဘုရင်​မင်းမြတ်​ အသံ​ကြောင့်​ ခစား​နေတဲ့ ကိုယ်​လုပ်​​တော်​​တွေ ရုတ်​ရုတ်​သဲသဲ ဖြစ်​သွား​တော့တယ်​.. ...

"မင်းကြီး...ချင်းကုန်​ကုန်​ပါဘုရား ဘာများအလိုရှိပါသဲ ဘုရား...."

နေ နှစ်​စင်းရဲ့ ချစ်​ခြင်းတရား. (chanbaek)Zawgyi&unicodeWhere stories live. Discover now