မြင့်မားလှတဲ့ တောင်တန်တွေ ကြားထဲမှာ တရွေ့ ရွေ့ ချီတက်လာတဲ့....ရွှေရောင်ဝေါယာဉ်တော်တစ်စီး....
ထိုဝေါယာဉ်ရဲ့ အရှေ့ မှာတော့...ချပ်ဝတ်တန်ဆာအပြည့်အစုံကို ဝတ်ဆင်းထားသော လူတစ်စု..လက်ထဲမှာလည်း
အဆောင်ဓားကိုယ်စီနဲ့...ဘေးတစ်ဖက်တစ်ချပ်စီမှာအသီးသီး ခစားနေကြတဲ့ ရံရွေတော်တွေ ကလည်း အများအပြား အားလုံးရဲ့ မျက်နှာမှာတော့ ပူပန်စိတ်တွေအပြည့်နဲ့ပင်
မတူညီ ကွဲပြားသော ဆင်ယင်ထုံးဖွဲ့မူ့တွေကြောင့် ထိုသူတွေက တစ်ခြားတိုင်းပြည်တစ်ခုက လာကြတဲ့ သူတွေ ဖြစ်မှန်း ကြည့်တာနဲ့တင် ခန့်မှန်းလို့ ရတဲ့ အနေအထား...
ကနုတ်ပန်းကြွတွေ စီခြယ်ထားတဲ့ သတို့သမီး ဝေါယာဉ်ထဲမှာတော့..ညှိငယ်တဲ့ မျက်နှာနဲ့ အသက်မဲ့စွာ ထိုင်နေသော
အမျိုးသမီး တစ်ဦး....သူမရဲ့ လက်ထဲမှာတော့ ရွှေချည်ထိုးထားတဲ့ ပဝါစတစ်ခုကို
အားကိုတကြီး ဆုပ်ကိုင်ထားရင်း....မျက်လုံးအိမ်ထဲမှာတော့
မျက်ရည်စတစ်ချို့ က ခိုတွဲလို့.. ."မင်းသမီးလေး.. နောက် ခရီးနှစ်တိုင်ကွာရင် ဖြင့်..ဂျိုဆွန်း နိုင်ငံရဲ့ မြို့တော်အဝင်ဝကို ရောက်တော့မှာပါ....ဒါကြောင့်
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမှာပါ...ဘုရား...."
ဝေါယာဉ်ပြတင်းပေါက်ကို အသာဖွင့်ပြီး လျှောက်တင်လာတဲ့
ရံရွေတော်ကြီးရဲ့ စကား.အပြီးမှာ .ဟန်ချယ်လန် တစ်ယောက်
ဘာစကားတစ်ခွန်းမှမပြောပဲ အနောက်မှာကျန်ခဲ့တဲ့မှိုင်းပျပျ တောတောင်တွေ ဆီကိုသာ အကြည့်ပို့လိုက်မိ၏..
အချစ်မပါသော လက်ဆက်ပွဲ တစ်ခု..ကြင်ယာတော်ဆိုတဲ့ သူကို နာမည်သာကြားဖူးပြီး...တစ်ခါမှ ပင်မတွေ့ဖူး.ပါ
လင်းကော်ရီ..စကားအရဆိုရင် ဂျိုဆွန်းနိုင်ငံရဲ့ မင်းကြီးက
သိပ်ရက်စက်တတ်ပြီး...အမိန့်အာဏာကို အလေးထားတယ်ဆိုပဲ...

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...