တဝေါဝေါ တောက်လောင်နေသော ထင်းရှူးဆီ မီး နဲ့အတူ သူ့ရဲ့ နှလုံးသား တစ်စုံလည်း..အခိုးအငွေ့တွေကြားထဲမှာ လောင်ကျွမ်းပြာကျ နေပါပြီ.......
မနေ့က အထိ တိမ်မဲတွေ ဖုံးလွှမ်း ကာ အုပ်ဆိုင်းနေသော ကောင်းကင်သည်..ယခုတော့ သူမဟုတ်သည့်အတိုင်း.ပင်....အပြာရောင်
မိုးသားလွင်လွင်တွေက ...ကောင်းကင်ယံမှာ ဟိုတစ်စဒီတစ်စ.. ....မျက်စိထဲမှာ မြင်နေရတဲ့ လောင်ကျွမ်း နေသော သူမရဲ့ ရုပ်အလောင်း.....အမှန်ဆို သူရအောင် ကယ်ခဲ့ ရမှာ......အခုတော့...သူမကို ချစ်တယ်လို့ပြောပြီး တကယ့်လက်တွေ့မှာ ..ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့ ပျော့ညံ့ညံ့
ဘုရင်တစ်ပါးသာ သာ...ဟွေ့ယူ ...ရင်ခွင်ထဲကတူတော်လေးကို ကြည့်လိုက်တော့ အနှီးထုတ်ထဲမှာ လက်မလေးကို တပြွတ်ပြွတ်စုပ်ပြီး...အိပ်ပျော်နေရှာတယ်......သနားစရာ ကလေးရယ်.. .မင်းမယ်မယ်ရဲ့နို့ကိုတောင် မစို့ခဲ့ရရှာဘူး.....စိတ်ချပါကွယ်..
..အခုချိန်ကစပြီး....မင်းလေးရဲ့ မိခင်က ဒီက မယ်မယ်ပဲ..ဘယ်အရာကမှ ...မင်းကို သိမ်ငယ်အောင် မလုပ်စေရဘူး.....ပြတ်သားသော ခံယူချက်တစ်ခုကို ချလိုက်ရင်း.. ..ကျဆင်းလာတဲ့ မျက်ရည်စတွေကို သုတ်ပစ်လိုက်တော့သည်.." အရှင်...!!!..."
သူ့ရဲ့ လက်ကို လာထိတွေ့သော ...လက်နုနု..
မျက်ရည်တွေ ကြားထဲက သူလှည့်ကြည့်လိုက်တော့.. ..ဆိုရာမယ်မယ်.( ဘို့ယောင်ဒန်း အရှေ့နန်းတော်....မိဘုရားခေါင်ကြီး..စံအိမ်..
...ဆယ်ဂျုံး ဘုရင်မင်းမြတ် ၏ ပထမ မိဘုရား
ထန်ချင့် နိုင်ငံရဲ့ မင်းသမီး )" မိဘုရား ကြီး.....က ကိုယ်တော်...မိဘုရား ကို မကယ်တင်နိုင်ခဲ့ဘူး.....ဆူဝမ်မိဘုရား....သူမ
ကို မကယ်တင်နိုင်ခဲ့ဘူး.. ....ဘာမှမတက်နိုင်တဲ့ ဘုရင်တစ်ပါး...ဖြစ်ခဲ့ပြီ......"

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...