ငွေရောင်လမင်းကြီးက ဂျိုဆွန်းနန်းတော်ရဲ့ နေရာအနှံ့အပြားကိုဖြန့်ကျက်ထားပြန်၏..
သို့ပေမယ့်နန်းတက်မင်းသားငယ်၏အဆောင်တော်မှာတော့တစ်မူထူးခြားစွာနဲ့ပင်လရောင်မလွှမ်း......
အချိန်အားဖြင့် ညသန်းခေါင်ယံတိတိ..နန်းတော်တစ်ခုလုံးက အပ်ကျသံပင်မကြားရတဲ့အထိ တိတ်ဆိတ်လွန်းနေသည် ။
တစ်ယောက်သောသူအတွက်က အတွေး
နယ်ချဲ့၍ကောင်းနေတုန်း....Luhan အိပ်ရာခန်းဆောက်ပြတင်းပေါက်ဝကနေ ကောင်းကင်ကြီးကို လှမ်းကြည့်ရင်း..ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေးနေမိ၏.......
အဆောင်ရှေ့က မက်မွန်ပင်ဆီကိုအကြည့်ပို့မိတော့ ရုတ်တရက်
တစ်ယောက်သောသူရဲ့မျက်နှာက သူ့မျက်စိထဲဝယ် ထင်းခနဲ မြင်လာတော့သည်။
မောက်မာလွန်း၏...သနားကြင်နာခြင်း
အလျင်းမရှိ.......စိတ်အလိုကိုလိုက်သော ခွေးရူးနှင့်တူသည့်မင်းသာအဆိုးဝါးဆုံးက သူ့ကို အရုပ်လေးတစ်ရုပ်လို ဆော့စရာထင်မှတ်နေသည့် အကျင့်ပါပဲ...
"မုန်းဖို့ကောင်းလိုက်တာ.....ဟူး~~~~ဘယ်လိုလူမှန်းမသိဘူး........."
Luစိတ်မပါလက်မပါ ငြီးတွားလိုက်ပြီး အိပ်ယာခင်းပေါ်မှာ လှဲအိပ်ချလိုက်တော့တယ်
သူ့အနေနဲ့ အခုလို အစစအရာရာ ပြီးပြည့်စုံပြီးအားလုံးခစားနေရတဲ့မင်းသားငယ် ဘဝမှာမပျော်နိုင်.....
နန့်ယန်ရဲ့ အိမ်တော်ကိုပဲသတိရ၏...ဟိုမှာဆို သူသိပ်ချစ်ရတဲ့ ဦးရီးတော်လည်းရှိတယ်
အခုဆို သူ့ရဲ့ ညီငယ်လေးတွေက သိပ်ချစ်စရာကောင်းအောင်ကြီးလာလောက်ပြီ....
အနှီးထုတ်ထဲက သူ့ရဲ့နီတာရဲ ညီငယ်လေးတွေက်ိုလည်း ချီပွေ့ချင်သေးသည်။
ဒါပေမယ့် သူ့အနေနဲ့ နန့်ယန်ကိုပြန်ဖို့ဆိုတာယခုအချိန်မှာ မဖြစ်နိုင်သေး......
နန်းတော်ကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်ခဲလွန်းလှတယ်.....
ပြီးတော့ ဟို သူငယ်ပြန်နေတဲ့ မင်းသားရူးအန္တရာယ်ကလည်းရှိသေးသည်။

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanficသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...