" သားတော်လေး....အို.အေး..တိတ်ပါကွယ်
...မယ်မယ် က နို့တိုက်မယ်နော်.. .."ဥယျဉ်ထဲမှာ ကလေးကို ပွေ့ချီပြီး နို့တိုက်နေတဲ့
ဟွေ့ မိဘုရား...နှင်းပွင့်လေးလို ဖြူ ဖွေးနေတဲ့ သားတော်လေးကို ကြည့်ပြီး ..ချစ်ရတာ အမော....အထိန်းတော်ကြီးကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲမှာ မယ်မယ့် ကို ချီးကျူး နေမိတယ်..သူခစားခဲ့ရသော သခင်မတွေက..
..နတ်သမီး တစ်ပါးနှယ် စိတ်သဘောထားဖြူစင် လွန်းကြတာမို့..အမြဲတမ်း စိတ်ချမ်းသာကြရမြဲ....အခိုင်းအစေ ဆိုပြီး
အထင်သေးတာလည်းမရှိကြ..."မယ်မယ် ဘုရား...မိဘုရားခေါင်ကြီး ကြွလာပါတယ်.."
အပါးမှာ ခစားနေတဲ့ အထိန်းတော်ကြီး အသံ
ကြောင့် ..သားတော်လေးကို ပွေ့ချီကာ ခစားဖို့ အသင့်ပြင်လိုက်သည်။"မိဘုရားကြီးကို ဟွေ့ယူ အရိုအသေ ပေးပါတယ်..ခရီးဦးမကြိုမိတဲ့အတွက်
ခွင့်လွှတ် ပေးတော်မူပါ "" အို ...ကလေးတစ်ဖက်နဲ့ကွယ်..သင့်သလိုနေပါ..မယ်မယ်က သားတော်လေး..ကို
လာကြည့်တာပါကွယ်...ချီစမ်းကြည့်ပါရစေ""မှန်ပါ့..မယ်မယ်.."
သားတော်လေးကို ခဏပွေ့ချီ ဖို့ပြောလာတာကြောင့် ဟွေ့ယူ မယ်မယ့်ရဲ့ လက်ထဲ ကို
ထည့်ပေးလိုက်တယ်။ဆိုရာမယ်မယ် တစ်ယောက် ဆူဝမ်ရဲ့ သားတော်လေးကို ကြည့်ပြီး...သနားလည်းသနားသလို..ချစ်လည်းချစ်မိတယ်..ကလေးရယ် ကံဆိုးလိုက်တာကွယ်...
" မယ်မယ်ဘုရား ..မျက်နှာမကောင်းပါလား
ဘာများတွေးပူနေရတာပါလဲ..."သားတော်လေးကိုကြည့်ပြီး မျက်နှာ မကောင်းလှတာကြောင့် ဟွေ့ယူ မေးလိုက်မိသည်။
" ကလေးရဲ့ဘဝကို တွေးမိပြီးတော့ စိတ်မကောင်းဖြစ်သွားတာ ပါ...ဒါနဲ့ ကလေးကိုကြည့်ရတာ အားမရဘူးကွယ်..သေးသေးလေး ဖြစ်နေပါလား ဟွေ့ယူ.."

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...