Luhan တစ်ယောက် ရေပတ်ဝတ်လေးကို
ကိုင်ပီး...အကိုဖြစ်သူရဲ့ နှဖူးပေါ်ကိုခပ်ဖွဖွလေး တင်ပေးလိုက်သည် ။
ညနေ မြို့ ဈေးထဲကနေ ပြန်လာကတည်းက
ကိုယ်ငွေ့ခပ်နွေးနွေးဖြစ်နေတာ..ညလည်းရောက်ရော ဖျားပါရောလား....
တကယ်ဆို အကို့ကို တစ်ယောက်တည်းမထားခဲ့သင့်ဘူး....
ကိုယ်ချင်းမစာတဲ့ လူတွေကြောင့် အကို အခုလိုဖြစ်ရတာ...
အဲဒီ့လူ နောက်တစ်ခါတွေ့ရင် မလွယ်ဘူးမှတ်....ကျန်ဦးရီးတော် ကိုခေါ်ပီး ဆုံးမခိုင်းမယ်..
"သားငယ်!.....အကိုတော် ဖျားလို့ဆို..."
ညအိပ်ဝတ်စုံကို မက အခန်းထဲ ကို အလောတကြီးနဲ့ ရောက်လာတဲ့ မိခင်...
မယ်မယ် က အကို တော်နဲ့ပတ်သက်လာရင်
မရဘူး.....အခုလည်း အခုလိုဖြစ်ရတာHanကြောင့် ဆိုတာ သိသွားရင် သေချာပေါက်အဆူခံရမှာ...
နဂိုထက် အသံမာနေတဲ့ မယ်မယ့်ရဲ့ အသံကြောင့် ဘယ်လောက်စိတ်ဆိုးနေလဲဆိုတာ
Hanခန့်မှန့်ကြည့်တာနဲ့တင် သိနေပါပီ..
"ဘယ်လိုဖြစ်ရတာလဲ~?....han ...မယ်မယ်
သေသေချာချာ မှာထားရက်နဲ့....မင်းရဲ့ အကိုကို.....ဂရုစိုက်ပါလို့....မယ်မယ် သားငယ်ကို မျက်နှာလွှဲလို့မရဘူးလား ???.."
စိုးရိမ်တကြီးနဲ့ ကုတင်ဘေးမှာ ဝင်ထိုင်ကာ ပြောလာတဲ့ မယ်မယ်ကြောင့်...
Hanခေါင်းကို သာ ငုံ့ထားမိတယ်...
တစ်ခါတစ်လေ hanတွေးမိတယ် မယ်မယ် က hanကို မွေးစားခဲ့တာလား..လို့ပေါ့..
အကိုတော့်ကိုဆိုရင် မယ်မယ်က သိပ်ပီးဂရုစိုက်တာ....
Hanကိုတော့.....
ရင်ထဲကိုတိုးဝင်လာတဲ့ ဝမ်းနည်းစိတ်ကြောင့်
Luhan လက်သီးကို ခပ်တင်းတင်းဆုပ်ကာ
အသံတိတ်ငိုကြွေးလိုက်မိတယ်....
YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Фанфикသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...