နေနှစ်စင်းရဲ့ချစ်ခြင်းတရား(33)

1K 80 4
                                    

ယခင်အပိုင်းမှအဆက်..... 😉😉😉

"မယ်တော်ကြီး ကြွချီလာတယ်......"

ရှန့်ကုံးရဲ့ ရှေ့တော်ပြေးအသံကြောင့် ကပျာကယာနဲ့ ဒူးတုပ်ကာ ခစားလာကြသော

အနောက်နန်းဆောင်မှ အပျိုတော်တွေ..အားလုံးက နန်းတော်ထဲမှာ ဆိုရာမယ်မယ်ရဲ့....အာဏာစက်ကို သိနေတာကြောင့် ..

ချစ်ကြောက်ရိုသေ ဆိုသည့်အတိုင်းပင်...

ဦးခေါင်းကို မြေပြင်နဲ့ ထိကပ်လုမတက် ညွှတ်ထားတော့သည်။

ဆိုရာမယ်မယ်တစ်ယာက် ဝေါယာဥ်ပေါ်ကနေ အသာဆင်းလိုက်ပြီး မင်းသားငယ်ရဲ့ နန်းဆောင်အရှေ့မှာ ခြေစုံရပ်လိုက်တော့တယ်..

တိုင်ပြည်အရေးရှုပ်ထွေးနေတဲ့အချိန်မှာ မင်းကြီးရဲ့ သတိမမူ တတ်တဲ့စိတ်တွေက သူမကို စိတ်ပျက်စေသည့်အထိပင်...

မင်းကြီး ဆိုတာ မိုးနတ်မင်းရဲ့သားတော်တစ်ပါးလို့ ​တစ်တိုင်းပြည်လုံးက
သတ်မှတ်ထားတဲ့ .သူ.........အခုတော့...

ဘာလို့များ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်
လုပ်နေရတာပါလိမ့်......

ဆိုရာမယ်မယ် ရင်လေးစွာနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး

"မင်းသားငယ် အဆောင်တော်အထဲမှာ ရှိလား......"

"စိုးရွံ့မိပါတယ် မယ်တော်ကြီး....မင်းသားငယ်က အိပ်ဆောင်မှာ မရှိကြောင်းပါဘုရား..........နန်ယန့်ပြည်နယ်ကို ညကတည်းကပဲ ထွက်သွားပါတယ်....."

"နန်ယန့်ပြည့်နယ်ကို ဟုတ်စ....မင်းကြီး ညက အဆောင်တော်ကို ကြွလာသေးလား"

"မ မကြွပါဘူး...မယ်တော်ကြီး.....မင်းကြီးညက နန်းဆောင်ကို မကြွလာပါဘူး...."

ကတုန်ကယင်နဲ့ လျှောက်တင်လာတဲ့ အပျိုတော်ရဲ့ စကားအပြီးဝယ် ဆိုရာမယ်မယ်တစ်ယာက် စိတ်ရှုပ်ထွေးသွားတော့သည်။

မင်းကြီးက ညကနန်းဆောင်ကို မကြွဘူးပေါ့လေ......မဖြစ်နိုင်တာ.....ကုံးကုံးက မဟုတ်ပဲ မလျှောက်တင်ဝံ့လောက်ဘူး......

Xaoi yenစီကြွတာမဟုတ်ရင်.....မဟုတ်မှလွဲရော

"ကောင်းပြီ......ဆန့်ရှန့်ကုံး....အလယ်နန်းဆောင်ကိုကြွမယ်......"

နေ နှစ်​စင်းရဲ့ ချစ်​ခြင်းတရား. (chanbaek)Zawgyi&unicodeWhere stories live. Discover now