ယောလ် မျက်စိရှေ့မှာ ရှိနေတဲ့ ထိုမိန်းခလေးကို မျက်မှောင်ကြုတ် ကာ ကြည့်လိုက်သည်။
အဖိုးတန်ပိုးဖဲကတ္တီပါတွေ ဝတ်ဆင်ထားသော ထိုမိန်းမပျိုသည်..
သာမန် ဝတ်ရုံလေးနဲ့ ရိုးရိုးရှင်းရှင်းနေတတ်တဲ့ hyunလေးရဲ့ အလှကိုပင်မမှီပါ.. ..သူ့မျက်စိထဲမှာ hyunလောက်ဘယ်သူ့ကိုမှ
သဘောကျတာမဟုတ်လို့...."မင်းကြီးကို ဂါဝရပြုပါတယ်..ကျွန်တော်မျိုးမ ဘွဲ့အမည်က
ဟန်ချယ်လန် ပါ.....ဓလေ့စရိုက်ချင်းမတူတာမို့လို့..အမှားလုပ်ခဲ့မိရင်..သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ လျှောက်တင်ပါတယ် အရှင်...."
ဒူးတစ်ဖက်ကို အသာညွှတ်ကာ အရိုအသေပေးလာတဲ့ ထိုမိန်းခလေးကို မျက်နှာလွှဲလိုက်ပြီး...ယောလ်.ဝတ်ကျေတန်းကျေ ပြောလိုက်တော့သည်။
"နေသာသလိုနေပါ.. မယ်မင်းအတွက် နားနေခန်းကို..အထိန်းတော်ကြီး လိုက်ပို့ပေးပါလိမ့်မယ်..."
ခပ်ရှရှ ပြောလာတဲ့ မျက်နှာချင်းဆိုင် အရှေ့ က ကြင်ယာတော် ဆိုသူကို ချယ်လန် တစ်ချက် လှမ်းကြည့်ပြီး ..
နှုတ်ခမ်းတစ်စုံ ကွေးညွှတ်တဲ့အထိ ပြုံးလိုက်မိ၏.. .
သူမ ကြားသည့်အတိုင်းပင်..ဂျိုဆွန်း တိုင်းပြည်ရဲ့ မင်းကြီးက
ယောကျာင်္း မြတ်တို့ လက္ခဏာ နဲ့ ပြည့်စုံတယ်ဆိုတဲ့ သတင်းက...အမှန်ပဲကို..သူမနေရာမှာ တစ်ခြားမိန်းမပျိုတစ်ဦးသာဆိုရင်...သေချာပေါက်...ကြင်ယာတော်မင်းကြီးကို စိတ်ဝင်စားမိမှာ အမှန်ပါပဲ
သို့ပေမယ့်...သူမ စိတ်ထဲမှာတော့ကြင်ယာတော်ကို...ရှက်ရွံ့ ကြောက်လန့်ခြင်းက စိုးစိမျှ မရှိ...သူမသာ ဆန္ဒရှိရင် အစကတည်းက ဂျိုဆွန်း နဲ့ ရွှေလမ်းငွေလမ်း ခင်းဖို့ စကားလမ်းကြောင်းစပေးခဲ့မှာပေါ့....
ဖခမည်းတော် ရဲ့ ဆန္ဒအရ...မင်းကြီးနဲ့ လက်ဆက်ဖို့ သဘောတူခဲ့ပေမယ့်...သူမ စိတ်ထဲမှာတော့..နှစ်ပြည်ထောင်အရေးနဲ့ ဆက်စပ်နေသောအိမ်ထောင်ရေးကို
နည်နည်းလေးမျှ သဘောမတွေ့တာမို့...
YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...