သစ်ပင်အုပ်စိုင်းစိုင်းကြားမှထိုးထွက်နေတဲ့ နေရောင်ခြည်အလင်းတန်းတစ်ချို့က
ယောလ်တို့အိပ်စက်နေတဲ့ အခန်းဆောင်အတွင်းထဲကို ခပ်ပျပျတိုးဝင်လာတော့တယ်..
စံအိမ်တော်ရဲ့မနက်ခင်းပိုင်းက စိတ်ချမ်းမြေ့ဖွယ် တိတ်ဆိတ်လွန်းနေသည်။
ဒီနေ့က ယော်တို့နန်းတော်ကိုပြန်ရမယ့်နေ့ဖြစ်
တာမို့ နန်ယန့်ရဲ့အလှကိုနောက်ဆုံးခံစားခွင့်ရတော့မယ့်အချိန်ဖြစ်၏.....
မျက်ခွံပေါ်ကို ဖြာကျလာတဲ့ နေရောင်ခြည်တစ်ချို့ကြောင့် ယောလ် မျက်လုံးတို့ကိုအသာဖွင့်ရင်း ဘေးအနားကိုလှည့်လိုက်တော့
အနားမှာနှစ်ခြိုက်စွာ အိပ်မောကျနေသော ဟန်လေး....မျက်နှာပေါ်မှာ ကပိုကရို ဝဲကျနေတဲ့ဆံစတွေကို ယောလ်သပ်တင်မပေးမိ..
ထိုလူသားလေးက သူ့အတွက်ဘယ်နှစ်ကြိမ်
ကြည့်ကြည့်ရိုးမသွားနိုင်တဲ့အဖိုးတန်လေးပါ။ညီငယ်ရဲ့ ကပိုကရိုးအလှလေးကိုပင်သူ့ခမျာကြည့်မဝနိုင်ဖြစ်နေရပြန်တယ်။..
မယ်တော်က အနေမနီးအောင်အမျိုးမျိုးကြိုးစားနေမှန်းယောလ်ရိပ်မိပေမယ့်.. ခလေးငယ်လေးကို သူ့အနားကနေ ဖယ်ထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ....
နှစ်ပြည်ထောင်ရေးအတွက် ဟန်တိုင်းကမင်းသမီးကိုလက်ထပ်လိုက်ရပေမယ့်..
သူ့ရင်ထဲက ခလေးငယ်လေးရဲ့နေရာကိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လုယူခွင့်မပေးနိုင်တာအမှန်ပါပဲ...
ယောလ်အတွေးပေါင်းစုံနဲ့ပင် သက်မတစ်ချက်ချလိုက်ရင်း အနားက ခဘေးငယ်လေးရဲ့ကိုယ်ကို အသာဆွဲဖက်ရင်း ရင်ခွင်ထဲထည့်ကာ....
ဆံစတစ်ချို့ကို ခပ်ဖွဖွနမ်းလိုက်၏.....
သူ့ရဲ့ကျောပြင်ကို ပြန်လည် သိုင်းဖက်လာတဲ့
လက်တစ်စုံကြောင့်...ခလေးငယ်လေးနိုးနေမှန်းယောလ်သိလိုက်သည်။
"ဟန်လေး......နိုးနေပြီလားဟင်"
"အွန်း.......အကိုတော်"
YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...