နေနှစ်​စင်းရဲ့ ချစ်​ခြင်းတရား (23)

1.7K 173 27
                                    

အရင်​ ရက်​​တွေကထက်​ပို၍ စည်​ကား​​နေ​သော...ကျန်းအိမ်​​တော်​ ရဲ့....ဧည့်​​တွေ့​ဆောင်​~~~

ချိုမုယွမ်​ က​တော့ စားပွဲခုံ ​ပေါ်မှာ ​မေးစိကို​လက်နဲ့​ထောက်​ပြီး မျက်​စိ​ရှေ့ က မြင်​ကွင်း​တွေ ကို စိတ်​ပျက်​လက်​ပျက်​ ကြည့်​​နေမိသည်​။

အရင်​ကစိတ်​နဲ့ဆိုရင်​ ....ဒီ​နေရာက​နေ ထသွားမိမှာအမှန်​ပင်

ရောက်​ကတည်းက တတွတ်​တွတ်​ နဲ့ ​ရေပက်​မဝင်​​အောင်​ စကား​ပြော​နေတဲ့ ​လောင်​ကုံး...

သူ့ခဗျာ ​ရှေးဘဝက စကားမ​ပြောရဘဲ လာခဲ့တယ်​နဲ့တူတယ်

ပြောကို​ပြောနိုင်​လွန်းတယ်​ .တကယ်​ပဲ နား​ညီးလွန်းလို့ သည်းမခံနိုင်​​တော့ဘူး...

"​လောင်​ကုံး!.....မုယွမ်​ နားညီးလာပြီ..ဒါနဲ့ မသိလို့​မေးပါရ​စေ....အ​မေ​ပြော​တော့ ဘကြီး​တော်​ ကို နှုတ်​ဆက်​ဖို့ဆို.

အခု ​တွေ့ပြီးပြီမလား...ဘာလို့မပြန်​​သေးတာလဲ???.."

မကြည်​သလို ​စောင်းကြည့်​ရင်း ​မေးလာတဲ့ သခင်​မ​လေးရဲ့ စကားအပြီးမှာ

လောင်​ကုံး တစ်ေ​ယာက်​တံ​တွေးကို အသာမျိုချလိုက်​မိတယ်

ကြင်​ယာ​တော်​ကို ​တွေ့ဖို့လာတာပါလို့..​ပြောလိုက်​ရင်​.
လောင်​ကုံးတစ်​​ယောက်​ .ချိုဝမ်းအိမ်​​တော်​ပြန်​​ရောက်​တဲ့အထိ အသက်​နဲ့ခန္ဓာမြဲပါ့မလား....

နဖူးမှာ စို့လာတဲ့ ​ချွေးစက်​တစ်​ချို့ကို ဝတ်​ရုံနဲ့ အသာသုတ်​လိုက်​ပြီး.. ...​လောင်​ကုံး ~~မျက်​နှာကို အတက်​နိုင်​ဆုံး ချိုသာ​အောင်​ လုပ်​လိုက်​​တော့သည်​....

"တ ကယ်​​တော့ ​လေ....သခင်​မကြီးက ..သခင်​မ​လေး ကို
ကြင်​ ကြင်​ယာ​တော်​ ​တွေ့....."

"တိတ်​စမ်း! !!!!!....ဝုန်း####...."

ဒေါသူပုန်​ထ ကာခုံကို လက်​နဲ့ ရိုက်​ချလိုက်​တဲ့ သခင်​မ​လေး

ကျန်​လင်းရီ တစ်​​ယောက်​ မျက်​စိ​ရှေ့ က တူမဖြစ်​သူက
ိုကြည့်​ပြီး.. ... ပါးစပ်​အ​ဟောင်းသားဖြစ်​သွားရ​တော့တယ်

နေ နှစ်​စင်းရဲ့ ချစ်​ခြင်းတရား. (chanbaek)Zawgyi&unicodeWhere stories live. Discover now