ဒီနေ့ နဲ့ဆို..အရှင် နန်းတော်က ထွက်သွားတာ.. ၂လရှိနေပြီ.....ပြန်လာပါ့မယ် ဆိုတာ..အကြာကြီးမှ လားအရှင်...ရယ်..
ဟွေ့ သားငယ်လေးကို ပွေ့ ပြီး..နန်းတော်အဝင်ဝ အရှေ့ မှာ..ညနေစောင်းရင် သွားရပ်စောင့်နေမိသည်။
သို့ပေမယ့် အရှင် ကတော့ ..စာမလာ..သတင်းမကြား....အခုတလော...ဟွေ့ သိပ်ပြီးနေလို့မကောင်း.... သားငယ်လေးကိုလည်း..တခြားသူတွေ နဲ့ စိတ်မချတာကြောင့် ..ကိုယ်တိုင်ပဲ ထိန်းနေရတယ်...
တောင်ပိုင်းက ပြန်လာတဲ့ ကုန်အဖွဲ့ တွေ ဆီက ကြားရတဲ့ သတင်းကလည်းမကောင်း..အုတ်ဂျော်နယ်ကို သွားတဲ့ အဖွဲ့တစ်ခုလုံး..အသတ်ခံရတယ်ဆိုပဲ...ဘုရား..ဘုရား...အရှင်များ
တစ်ခု ခု ဖြစ်နေလို့လား.....စဉ်းစားရင်း...ကြွတက်လာတဲ့ အပူလုံး
ကြောင့်...အဝတ်ထုတ်ထဲက နီတာရဲလေးကို
..တစ်ချက်ငုံ့ ကြည့်လိုက်ရင်း......" ရှောင်းရန်.....ခမည်းတော် ကို အန္တရာယ် ကင်းအောင်..ဆုတောင်းပေးနော်.. .သားတော် နဲ့ မယ်မယ် အသက်ရှင်ဖို့အတွက် မင်းကြီး ကို လိုအပ်တယ်..."
အဝတ်ထုတ်ထဲက သားတော်လေးသည်..
..မင်းကြီးပြီး ရင်..ဟွေ့ကို အသက်ဆက်ရှင်ဖို့ ခွန်အား ပေးနိုင်သော..အသက်ဆက်ဆေးပင်လေး ရယ်ပါ.....မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေ
သည့်ကြားကပင် ..မြို့တော် အဝင်ဝကို သာ မျက်တောင်မခတ်ပဲ ဟွေ့ စိုက်ကြည့်နေမိသည်...ဒီနေ့ လည်း မှောင်သွားပြန်ပြီ...ဘယ်တော့ မှ ပြန်လာမှာ လဲ အရှင်ရယ်......🌑🌑🌑
" မယ်မယ်..နန်းဆောင်ကို ပြန်ကြရအောင်ဘုရား..အချိန်လင့်နေပါပြီ......"
အနားကို ရောက်လာကာ...လျှောက်တင်လာသော...အထိန်းတော်ကြီးရဲ့ သတိပေးစကားကိုကြားမှ....နန်းတော်မြို့ရိုးကို..တစ်ချက်လှမ်း ကြည့်လိုက်ရင်း..လေးပင်နေတဲ့ ခြေလှမ်းတွေကို..အားယူပြီး လျှောက်နေမိသည်။

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...