Part(5)

2K 154 2
                                    

အ​ငွေ့တလူလူ ထွက်​​နေတဲ့ အ​မွှေးနံသာ..ခွက်
ကို..သူမ အကြာကြီး စိုက်​ကြည့်​​နေမိသည်

မီး​ရောင်​မှုန်​ပျပျ ​ကြောင့်​..အခန်းထဲမှာ ရှိတဲ့ အရာ​တွေက.. ..သိပ်​မမြင်​ရဘူး.. .သို့​ပေမယ့်
တောက်​ပတဲ့ အနီ​ရောင်​နဂါးရုပ်​..ဝတ်​ရုံလွှာ ကို ဝတ်​ဆင်​ထားတဲ့ အရှင့်​ကို​တော့..မြင်​ရပါ​သေးတယ်​...

သူမသည်​လည်း..တူညီ​သော ဝတ်​ရုံလွှာ ကို ဝတ်​ထားတာပဲ​လေ...အနည်းငယ်​ရင်​ဟိုက်​​နေ​သော....အနီ​ရောင်​ သတို့သမီး ဝတ်​စုံ
ကြောင့်​....အနားမှာ ရှိ​နေတဲ့...ပဝါနဲ့ အရှက်​လုံရန်​ ဖုံးထားလိုက်​မိသည်​...အခုချိန်​ထိ ဘာစကားတစ်​ခွန်းမှ မ​ပြောရ​သေးသလို မင်္ဂလာ ​ခေါင်း​ဆောင်းကို လည်း အရှင်​က မဖယ်​​ပေး​သေးပါဘူး....ဖယ်​​ပေးဖို့ကို သူမ ကိုယ်​တိုင်​လည်းအလိုမရှိခဲ့....

" အရှင်​..."
အနားကို ထလာကာ ခပ်​တိုးတိုး​လေး ​ခေါ်လာတဲ့ သူမ​ကြောင့်​...သူ လှည့်
ကြည့်​လိုက်​​တော့....

သူ့ရဲ့ ​ဘေးမှာ ဝင်​ထိုင်​လာတဲ့ သူမ...နှစ်​ဦးစလုံးရဲ့ မျက်​လုံး​တွေက ကုတင်​​ပေါ်မှာ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေတဲ့ က​လေးဆီမှာသာ.....

" အင်း ​ပြော​လေ..မိဘုရား.. ..."

"​ဟွေ့ နဲ့ အရှင်​ လက်​ထပ်​ခဲ့တာက သား​တော်​​လေးအတွက်​ ​မှန်​ကန်​တဲ့ ဆုံးဖြတ်​ချက်​ တစ်​ခု ဖြစ်ပါ့မလား..ဟင်​.."

" ​မိဘုရားက ဘာကို ​ပြောချင်​တာလဲ.."

သလွန်​​တော်​​ပေါ်က​နေ ဆင်းသွားပြီး....​ကျောက်​စိမ်းစားပွဲမှာဝင်​ထိုင်​လာတဲ့ အရှင်​...
...ကိုယ်​လုပ်​​တော်​​မိန်းက​လေး​တွေ အလိုချင်
ဆုံးဖြစ်​တဲ့..အရှင့်​ရဲ့ မိဘုရား​နေရာ ကို ရခဲ့တာ
သူမ ..ဝမ်းသာသင့်​လား....ဒါမှမဟုတ်​..
.....အန္တရာယ်​ ကို ဖိတ်​​ခေါ်သလိုများဖြစ်​​နေပြီလား....

" ​နောက်​များ..​သား​တော်​​လေးကြီးလာလို့
....​ဟွေ့က အ​မေအရင်းမဟုတ်​ဘူးဆိုတာ သိသွားခဲ့ရင်​.. .​ဟွေ့ ဘယ်​လို လုပ်​ရမလဲ အရှင်​....သူ့အ​မေ​နေရာကို ဝင်​ယူတဲ့ သူဆိုပြီး
ဟွေ့ကို မုန်းသွားမှာ ပဲ​ကြောက်​တယ်​..."

နေ နှစ်​စင်းရဲ့ ချစ်​ခြင်းတရား. (chanbaek)Zawgyi&unicodeWhere stories live. Discover now