မျက်စိရှေ့မှာ လွင့်မျောနေတဲ့ အဖြူရောင် မြူနှင်း စတွေကို
ကြည့်ပြီး...သူမ အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်နေမိတယ်...တစ်သက်လုံးမမြင်အောင် ရှောင်ပုန်းနေခဲ့တာ သားနှစ်ယောက်ရဲ့ တစ်သက်ပင်ရှိတော့မယ်...
အနှစ်၂၀နီးပါးလောက် ဝေးကွာနေခဲ့တဲ့ အရှင့်ကို ရုတ်တရက် ကြီးပြန်တွေ့လိုက်ရတော့ သူမ ဘယ်ကနေ စပြီး
ပြောပြရမလဲဆိုတာကိုတောင်မသိတော့ဘူး...တကယ်တမ်းကျတော့ သူမ မှာ ပြောစရာစကားမရှိ ခဲ့ပါဘူး..
....အပြစ်သားတစ်ယောက်လို ခေါင်းငုံ့ထားမိတယ်.."....ဘာလို့...အကို့ဆီကို ပြန်မလာရတာလဲ...
တကယ်ပဲ အကို့ကို မေတ္တာမရှိခဲ့လို့လား....ဟွေ့ယူ..."အက်ကွဲနေတဲ့ လေသံဖျော့ဖျော့နဲ့မေးလာသော အရှင့်ကို
ဟွေ့ယူ ခေါင်းခါပြလိုက်မိ၏..သူမရဲ့ ပါးပြင်ပေါ်မှာတော့ မျက်ရည်စတစ်ချို့ က နေရာယူလို့....
ခပ်တင်းတင်းစေ့ထားသော ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းပါးတစ်စုံက စကားလုံးတစ်ချို့ ထွက်ကျဖို့အတွက်ကို ပင်ဝန်လေးနေသလို...
တကယ်ဆို သူမက အရှင့်ကို ဘယ်လောက်ချစ်သလဲဆိုတာ မိုးနတ်မင်းအသိပါ...
သိပ်ချစ်လွန်းလို့ ထွက်ပြေးသွားခဲ့တာ...လူမမယ် မမရဲ့ သားလေးနဲ့ လူ့လောကထဲကို မရောက်သေးတဲ့ အရှင့်ရဲ့ရင်သွေးလေး အသက်ရှင်ဖို့အတွက် အော့နှလုံး နာစရာကောင်းတဲ့
အဲဒီ့နန်းတော်ကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့တာ....
ဟွေ့ယူ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခက်ခဲတဲ့ လောကဓံ ကို ကြံ့ကြံ့ခံပြီး..ရင်ဆိုင်ခဲ့တာ အားလုံး က ဟွေ့ သိပ်ချစ်ရတဲ့အရှင် သက်ရှိထင်ရှားရှိနေသေးတယ် ဆိုတဲ့ စိတ်တစ်ခုကြောင့်ပါပဲ...
အားကိုးစရာ ခင်ပွန်းမရှိပဲ သားနှစ်ယောက်ကို လူ့လောကမှာ
အဆင့်မြင့်မြင့်ထားပေးနိုင်အောင်သူမ ကြိုးစားခဲ့တာ...

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanfictionသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...