တောင်လေတစ်ချို့ ခပ်ဖြေးဖြေးလေးတိုက်
ခတ်မှု့အောက်မှာ ဘယ်ညာယိမ်းထိုးပြီး လှုပ်ယမ်းနေတဲ့ ဆောင်တော်ကူးပန်းရုံလေးသင်းပျံ့တဲ့ ပန်းရနံ့တစ်မျိုးကလေထုထဲမှာ ပျံ့လွင့်နေပြန်၏...
ဆယ့်နှစ်ရာသီပန်းပွင့်တွေ ထိန်ထိန်ပွင့်နေတဲ့
သစ်ပင်ကြီးရဲ့အောက်မှာ ကြိုးပုခက်လေးကိုအပူအပင်ကင်းကင်းနဲ့ စီးနေတဲ့ အသက်၂၀အရွယ်ကောင်လေးတစ်ဦး
သူ့ရဲ့အနောက်မှာတော့ ကြိုးပုခက်ကို မမောတမ်းလွှဲပေးနေတဲ့ လူရွယ်တစ်ဦး....ထိုသူက
ဂျိုဆွန်းမင်းကြီးဖြစ်တဲ့ လီယောလ်ပါပဲ"Hyunလေး ပျော်ရဲ့လား "
"အွန်း.....အရမ်းပျော်ပါတယ် အကိုတော်ယောလ်"
အသံလာရာကို ခေါင်းလေးလှည့်ပြီး ဖြေလာတဲ့ သူလေးကြောင့် chan yeol သဘောကျစွာနဲ့ ပြုံးလိုက်မိ၏
မျက်တောင်စိတ်လေးတွေကို တဖျက်ဖျက်ခတ်ပြီး တောက်ပစွာပြုံးပြနေတဲ့သူ့ခလေးငယ်က အမှန်တကယ်ပျော်နေသည့်ပုံပါပဲ..
စိတ်ခံစားချက်မှန်သမျှကို မကွယ်မဝှက်တမ်း မျက်နှာမှာ ဖော်ပြတတ်တဲ့ ထိုလူသားလေးကို
ယောလ်မြတ်နိုးတာထပ်ပို၏...ထိုခလေးအနားမှာရှိနေရုံနဲ့တင် သူ့ရဲ့ အရာအားလုံးက ပြီးပြည့်စုံနေပါပြီ....
လေတစ်ချက်အဝှေ့မှာ ဖွာခနဲ ဖြန့်ကျလာတဲ့ပိတုန်းရောင်ဆံစလေးတွေကို ယောလ် ငေးကြည့်နေမိတယ်
မယ်တော်ဖြစ်သူနဲ့အရမ်းကိုတူလွန်း၍လားမသိ...Hyunလေးက ယောကျာ်းလေးဖြစ်ပေ
မယ့် နူးညံ့တဲ့ အသွင်ကိုပိုပြီးဆောင်နေသလိုပင်.....မွေးစားခမည်းတော်ရဲ့ သားအရင်းတွေဖြစ်နေ၍ပင် နူးညံ့ပေမယ့်ရာဇမာန်ကလေးတော့
အထိုက်အသင့်ရှိနေပြန်တယ်...မယ်တော်ကြီးက.ထီးနန်းအတွက်စိုးရိမ်းစိတ်များနေတာကြောင့်
ဟန်လေးနဲ့မပတ်သက်ဖို့ ပြောနေပေမယ့် သူ့ရဲ့ စိတ်တွေက ဘယ်လိုမှ ချူပ်တည်းလို့မရခဲ့ပါဘူး....သူတို့ကညီအစ်ကိုမဟုတ်ဘူးဆိုတာကို မယ်မယ်ကိုယ်တိုင်လည်းသိပြီးသားပါ........ကြင်ယာတော်

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Фанфикသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...