Part(7)

1.8K 133 8
                                    

နန်း​တော်​မှ ထွက်​ခွာရန်​ တစ်​ရက်​အလို.....

" မင်းကြီး ကြွ ချီလာတယ်​.. ..."

အထိန်း​တော်​ကြီး အသံ​ကြောင့်​...သား​တော်​​လေးကို ​ပွေ့ပြီး အခန်း​ဆောင်​အ​ရှေ့ကို ထွက်​လာတဲ့ သူမ​လေး....

" အရှင်​...."

အပြာနု​ရောင်​ ဝတ်​ရုံ​လေးကို ဝတ်​ထားတဲ့ သူမပုံ​လေးက ...သူ့အတွက်​ ​အေးချမ်းခြင်းကို
ပေးစွမ်းနိုင်​သလိုပင်​..

" မိဘုရား...ကိုယ်​​တော်​တို့...အခန်း​ဆောင်းထဲမှာ ..စကား​ပြောကြရ​အောင်​.. .လာ.."

အ​ရှေ့က ​နေ ဦး​ဆောင်​ဝင်​သွားတဲ့ မင်းကြီး
ကြောင့်​..သူမ အ​နောက်​က​နေ အသာ​လေး လိုက်​လာခဲ့လိုက်​​တော့သည်​....

မျက်​နှာ ညှိုးနွမ်း ​နေ​သော အရှင့်​ကို ​ဟွေ့ သတိ
ထားလိုက်​မိတယ်​..ညီလာခံမှာ ဘာများဖြစ်​လို့ပါလိမ့်​..အမတ်​​တွေက အရှင့်​ကို ​ရွေးချယ်​ရခက်​​တဲ့ ကိစ္စ​တွေ ​ဖြေရှင်း ဖို့ ​လျှောက်​တင်​လိုက်​လို့လား....

သူမ သားငယ်​​လေးကို မြပုခက်​ထဲ ထည့်​သိပ်​လိုက်​ပြီး...အရှင့်​အနားကို ​လျှောက်​လာလိုက်​သည်​.. .

" အ အရှင်​...​နေမ​ကောင်းဘူးလား ဟင်​."

လက်​ကို လာဆုပ်​ကိုင်​လိုက်​တဲ့ ...နှုးညံ့တဲ့ လက်​​သေး​သေး​လေး ရဲ့ အထိအ​တွေ့ ​ကြောင့်​..သူ​မော့ကြည့်​လိုက်​​တော့...ပန်းနု​ရောင်​နှုတ်​ခမ်းပါး​လေး ကို ​ကွေးညွုတ်​သွားတဲ့အထိ ပြုံးပြလာတဲ့ သူမ...

" အင်း..ကိုယ်​​တော်​ဘာမှ မဖြစ်​ပါဘူး...ထိုင်​ပါဦး ​ဟွေ့ ....​ပြောစရာရှိလို့ "

" ဟုတ်​ကဲ့ပါ.. အရှင်​.."

ပကတိ ဖြူ စင်​​သော မျက်​လုံးဝိုင်းဝိုင်း​လေး ​တွေနဲ့ ကျ​နော့်​ ရဲ့ အ​ဖြေကို ​စောင့်​​နေ​သော သူမ...ခရီး ထွက်​မယ့်​ကိစ္စ ကို ဘယ်​လို​ပြောထွက်​ပါ့မလဲ...

" ​ဟွေ့ယူ ကိုယ်​​တော်​ ခရီး ထွက်​ရမယ်​..​တောင်​ပိုင်းနယ်​​တွေ ကို..."

ကျ​နော်​​ပြောလိုက်​​တော့.. ...သူမ မျက်​နှာမှာ
မြင်​လိုက်​ရတဲ့ အားငယ်​စိတ်​​တွေ..ဖြူ စင်​သူ​လေးမို့..သူမ မဟန်​​ဆောင်​တတ်​တာ..ကျ​နော်​အသိ....

နေ နှစ်​စင်းရဲ့ ချစ်​ခြင်းတရား. (chanbaek)Zawgyi&unicodeWhere stories live. Discover now