ယခင်ရက်တွေကထက် တိတ်ဆိတ်လွန်းနေသော
ကျန်အိမ်တော်.. ..အရင်ကဆို hyunလေးရဲ့ ပုလွေ သံလေးနဲ့ အသက်ဝင်နေတတ်တဲ့ ကျန်းအိမ်တော် ရဲ့ မနက်ခင်းပိုင်း..က
ယခုချိန်မှာတော့ တစပြင်အလား...ခြောက်ကပ်လွန်းလှတယ်....
"သခင်မကြီး.. ..ဆန်ပြုတ်လေး သောက်လိုက်ပါဦး..."
မျက်စိရှေ့မှာ လာချတဲ့အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်ပန်းကန် ကို ဟွေ့ယူ တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်မိ၏.....
"ဟွေ့ မစားချင်ဘူး....ပြန်ယူသွားလိုက်ပါ...."
ဒီအချိန်မှာ သူမ ဘာကိုမှ စားမဝင်ပါ...သူမ ရင်ခွင်နဲ့ အဝေးမှာ ရောက်နေတဲ့ သားဖြစ်သူတွေကို စိတ်ပူလို့ သေမတက်ပါပဲ....
"ဝင်သလောက်လေး စားလိုက်ပါလား သခင်မကြီးရယ်...
......မဟုတ်ရင် သခင်မကြီးပါ လဲသွားလိမ့်မယ်...ဒီကျွန်တွေ မှာ အားကိုးစရာ ဆိုလို့ ...သခင်မကြီးပဲ ရှိတာပါ..
ဒါဖြင့်...နန်းတော် ကို လိုက်သွားကြမလား..ဟင်...သခင်မကြီး....."
မေအန်းရဲ့ စကားအပြီးဝယ် ဟွေ့ယူ ခေါင်းကို ဖြေးညှင်းစွာ
ခါယမ်းလိုက်ပြီး..မျက်ရည်တွေသာ စီးကျလာတော့သည် ။"မဖြစ်နိုင်တာ တွေ မပြောပါနဲ့ လား ..မေအန်းရယ်....
နန်းတော်ကို မပြန်ချင်လို့ ရှောင်ပုန်းနေခဲ့တာပဲ hyunလေး
တစ်သက်ရှိနေပြီ...ဒီအချိန်ရောက်မှ ဘယ်လို အင်အားမျိုးနဲ့ သွားရမှာလဲ..
အတိတ်ဟောင်းတွေကို ပြန်မတူးဆွချင်တော့ဘူး...
ဒါပေမယ့်...ဟွေ့ ရဲ့ သားလေးနှစ်ယောက် ကိုတွေးမိတိုင်း
ရင်ထဲမှာ ပူလွန်းလို့ သေတော့မယ်ထင်တယ်....ဟင့်..ဟင့်..အခုချိန်ဆို သားလေးကို သူတို့တွေ နှိပ်စက်နေကြပြီလားမသိဘူး.. ....

YOU ARE READING
နေ နှစ်စင်းရဲ့ ချစ်ခြင်းတရား. (chanbaek)Zawgyi&unicode
Fanficသိမ်မွေ့နူးညံ့ သော ချစ်ခြင်းတို့သည်..အမှောင်ကျနေသော သူ့ဘဝအား လင်းလက်စေခဲ့၏... စည်းမျဉ်းတို့အား..ချိုးဖောက်၍..ချစ်ရသူသာ အနားမှာရှိရင်yeol သေမင်းနှင့်လည်း အပြိုင်စစ်ခင်းဝံ့ ၏. .သိမ်မွေ့နူးညံ ့သော ချစ်ခြင်းတို့သည်..အမှေ...