💛{ 20 }💛
342 55 7
Zawgyi💛
VANCOUVER🏙️
စိမ်းသက်နေတဲ့ဒီနေရာက ချစ်သူအငွေ့အသက်နဲ့တင် နေပျော်ပါတယ် ။
နောင်တမရစတမ်းကျောခိုင်းခဲ့တဲ့ ဂင်မ်ချီမြေလို မြူနှင်းမှုန်တွေဝေဆိုင်းမနေသော်ငြားပေါ့ ။
" Mr. Huang Renjun "
အနောက်တိုင်းသံခပ်ဝဲဝဲနဲ့ အရပ်ရှည်သွယ်သွယ် လူတစ်ယောက်က လာရောက်နှုတ်ဆက်လေသည် ။
သူ့ဟန်ကြည့်ရတာတော့ Koreaလူမျိုးပဲဖြစ်ဟန်တူမည် ။
လုံးလုံးလျားလျား Foreignပုံစံထွက်နေတာမျိုး မဟုတ်ဘူးလေ ။
" Vancouverမှကြိုဆိုပါတယ် "
" ခင်ဗျားက "
" ကျွန်တော်က ခင်ဗျားလိုအပ်သမျှကို လုပ်ဆောင်ပေးမယ့်လူပါ "
" ခင်ဗျား နာမည်က "
" Nickပါ "
" အိုကေ Nick ! ခင်ဗျားက ဘယ်သူနဲ့ပတ်သတ်တဲ့ ဘယ်သူ့လူလဲတော့ ကျွန်တော်မသိဘူး ။ ဒါပေမဲ့ ကျွန်တော် Markကိုတွေ့ချင်တယ် "
" အစ်ကိုလေးကြိုပြောထားပါတယ် ။ ကားပေါ်တက်ပါ "
အသင့်ရပ်ထားသည့် ကားပေါ်တက်လိုက်သည်နှင့် Nickက ကားကိုစတင်မောင်းထွက်လေသည် ။
ရင်သက်ရှုမောဖွယ်မြင်နေရတဲ့ Vancouverရဲ့မြင်ကွင်းတွေက လှလိုက်တာ ။
လူတွေရဲ့သဘောသဘာဝကလည်း အခက်သားလား ။
အလှဆုံးသောအရာတွေ အနီးနားမှာ ဝိုင်းဝိုင်းလည်နေရင်တောင် ဟိုးအဝေးတစ်နေရာက မမှီနိုင်တဲ့အရာကိုမှ အလှဆုံးလို့ထင်တတ်တာ မဟုတ်လား ။
" ခင်ဗျား နားချင်နားလိုက်ပါ "
" ကျွန်တော့်ပုံစံက ပင်ပန်းနေတဲ့ပုံပေါ်လို့လား ။ အဲ့ဒါဆိုရင်တော့ ခင်ဗျားမှားသွားပြီ Nick ။ ကျွန်တော်စိတ်တွေသိပ်တက်ကြွနေတာ "
" မျက်နှာထက်ကအပြုံးကိုကြည့်ယုံနဲ့တင် သိနိုင်ပါတယ် "
ခေါင်းကိုခပ်ဖြေးဖြေးညိတ်ပြရင်း မတွေ့တာကြာပြီဖြစ်တဲ့ ချစ်ရသူရဲ့ပုံရိပ်တို့ကို တမ်းတမြင်ယောင်မိပြန်တယ် ။