💛{ 7 }💛
479 79 3
Zawgyi💛
" ကိုကို  ကျွန်တော် "
ရှိတာလေးနဲ့သေသပ်အောင်ဝတ်ထားသည့် ကျွန်တော့်ပုံစံက ကိုကို့မာမီအကြိုက်နှင့် မကိုက်ညီမှာစိုးရွံ့စွာ ကျွန်တော်ပြောတော့ ကိုကိုကပခုံးနှစ်ဖက်ကို ဆုတ်ကိုင်ကာ ခေါင်းခါပြလေသည် ။
" အဆင်ပြေတယ် ဘာဖြစ်ဖြစ် ကြည့်ကောင်းနေတာမို့လို့ "
" ကျွန်တော် "
ခေါင်းလေးငုံ့ကာ လက်ချောင်းလေးများကိုပူးကပ်၍ ဆော့ကစားဖြစ်တော့ ကိုကိုက လက်ကလေးနှစ်ဖက်ကို ဆုတ်ကိုင်လေသည် ။
" ကိုယ်တစ်ယောက်လုံးမင်းရှေ့မှာရှိပါသေးတယ် ကလေးလေး ။ ဘာမှမကြောက်နဲ့ လာ "
ကားတံခါးကိုဖွင့်၍ ကိုကိုကဆင်းဖို့ခေါ်နေတာမို့ အောက်ကိုဆင်းလိုက်တော့ အေးစက်နေတဲ့လက်ဖျားလေးတွေကို ကိုကိုကတင်းနေအောင် ဆုတ်ကိုင်ထားသည် ။
" မာမီ "
ကိုကို့ခေါ်သံအဆုံး ဧည့်ခန်းမှာ ခြေချိတ်ထိုင်နေသည့် အမျိုးသမီးကြီးတစ်ယောက်က မော့ကြည့်၍ ပြုံးပြလေသည် ။
ရွှေဝါရောင်ဆံနွယ်တွေနှင့် တည်ငြိမ်ပြတ်သားတဲ့ မျက်နှာနဲ့ အန်တီက Koreaလူမျိုးဟုတ်ဟန်မတူ ။
"  လာလေ သား "
စာအုပ်အားခေါက်သိမ်းကာ ဖလဲတကင်းခေါ်နေသည့် ကိုကို့မာမီ့ရှေ့ ကျွန်တော်ရော ကိုကိုပါဝင်ထိုင်ဖြစ်သည် ။
" သူလေးလား "
အပြုံးတို့နှင့်မေးလာသည် ။
" ဟုတ်ကဲ့မာမီ ။ Huang Renjunပါ ။ ကလေး ဒါ ကိုယ့်မာမီ Mrs. Katherine Lee "
" တွေ့ရတာဝမ်းသာပါတယ် အန်တီ "
" အေးကွယ် ။ သားနဲ့ပတ်သတ်လာပြီဆိုမှတော့ အန်တီ့ကလေးပဲပေါ့ ။ သားဆီက မင်းအကြောင်းတွေ အန်တီအများကြီးကြားခဲ့ဖူးတယ် "
ကိုကိုက အန်တီ့ကို ဘာတွေများပြောပြထားတာလဲ ။
" Markeuလေးက သိပ်ကိုအေးစက်လွန်းတာ ။ ဟိုးငယ်ငယ်ကတည်းက ပစ္စည်းတစ်ခုကို ကြိုက်ဖို့ အလုပ်တစ်ခုကိုလုပ်ဖို့ဆိုရင်တောင် အသေးစိတ်စဉ်းစားပြီးမှ လေးလေးနက်နက် ဆုံးဖြတ်တတ်တဲ့သူဆိုတော့ အန်တီထင်တယ် ။ သားကိုလည်း သူလွယ်လွယ်လေး ရွေးခြယ်ခဲ့တာမဟုတ်လောက်ဘူးလေ "