💛{ 9 }💛
508 70 3
Zawgyi💛
တိတ်ဆိတ်ခြင်းမှာ သောကတို့ရောပြွန်းကာ အခန်းငယ်လေးထဲမှာ ပြေးလွှားလို့နေသည် ။
" အခု ဘယ်လိုလုပ်ကြမလဲ "
ဒယ်ဒီရဲ့အေးစက်စက်အမေးအဆုံး မာမီလေးက ကျွန်တော်နဲ့Renjunကို စုန်ဆန်ချည် ကြည့်လို့နေသည် ။
" တဖက်ကိုလည်း မျက်နှာပျက်စရာဖြစ်တော့မယ် "
" ကျွန်တော် သူ့ကိုလုံးဝလက်မထပ်နိုင်ဘူး မေမေ "
အဖျားခတ်တုန်ယင်နေတဲ့ ငြင်းဆန်မှုအဆုံး ခေါင်းထောင်၍ ကျွန်တော်မော့ကြည့်လိုက်ပြီး ။
" မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး Renjun "
" ငါ့ဆန္ဒမပါပဲ မင်းရဲ့ကောက်ကျစ်မှုကြောင့် ဖြစ်ခဲ့ရတဲ့ အခြေအနေတစ်ခုအတွက် ငါ့ဘဝကို ထိုးမကျွေးနိုင်ဘူး "
" မင်းဘယ်လိုပဲငြင်းဆန်ငြင်းဆန် ငါ့မှာခိုင်လုံတဲ့ အကြောင်းပြချက်ကရှိနေပြီလေ "
" Lee Jenoမင်းသိထားဖို့က စာရွက်ပေါ်က လက်မှတ်တစ်ခုနဲ့ ငါ့ဘဝကို ထိန်းချူပ်လို့မရဘူး "
" ကဲ တော်ပြီ ။ အခုမှငြင်းခုန်မနေကြနေ "
စကားအချေအတင်များဖို့ဟန်ပြင်နေတဲ့ ကျွန်တော်နဲ့သူ့ကြား ဒယ်ဒီကဝင်ရောက်ထိန်းလေသည် ။
" ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပြီးမှတော့ ဘာမှလုပ်လို့မရတော့ဘူး ။ ဒယ်ဒီကတော့ အမှန်အတိုင်းပြောရရင် အဆိုးထဲကအကောင်းလို့ပဲသတ်မှတ်တယ် ။ ဘာလို့လဲဆိုတော့ ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲ ဖိတ်တာက ဝမ်းသာစရာပဲ ။ တစ်ဖက်ကိုတော့ သူတို့ကျေနပ်အောင် တောင်းပန်ရမှာပေါ့ "
" ဘာလို့တောင်းပန်ရမှာလဲ ဒယ်ဒီ ။ တရားဝင်ယူရသေးတာမှမဟုတ်တာ ကြိုက်တဲ့သူကိုလက်ထပ်ပိုင်ခွင့်ရှိတာပဲ "
" အဲ့လို တစ်ဖက်သတ်မပြောနဲ့လေ Nojam ။ သားRenလေးနဲ့ Minhyungတို့က လူသိရှင်ကြားစေ့စပ်ထားပြီးသား အခုဒီလိုဖြစ်တယ်ဆိုတော့ နှစ်ဦးနှစ်ဖက် သိက္ခာတွေရှိသေးတယ်လေ "
" ဒယ်ဒီပြောတာမှန်တယ်သားတို့ ။ သားငယ်လေးကလည်း ဖြစ်ပြီးသမျှကို ဖူးစာလို့ပဲသတ်မှတ်ပြီး ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့ ကြားလား "