Zawgyi💛
" ကျောင်းမှာအဆင်ပြေရဲ့လား သား "
မေမေ့အမေးအဆုံးဝင်လာတဲ့မျက်နှာတစ်ခုကို အတွေးထဲကဖယ်ရှား မေမေ့အားပြုံးပြလိုက်သည် ။
" အဆင်ပြေပါတယ်မေမေ "
" အော် သားအမိတွေစကားကောင်းနေတာလား "
" သားကိုအဆင်ပြေလားမေးနေတာပါ အစ်ကို "
" ဒါနဲ့ Nojamကို မတွေ့မိဘူးလားလို့ "
" ပြန်မလာသေးတာအစ်ကို "
" ဟင် နောက်ကျလှချည်လား "
ကိုယ်အပြစ်နဲ့ကိုယ်မို့ မေမေတို့ရှေ့မှ လှမ်းထွက်ဖို့ ပြင်လိုက်စဉ် ။
" Nojam "
အန်ကယ့်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ကျောပိုးအိတ်ကိုလက်ကာဆွဲကာ Jenoပြန်ဝင်လာသည် ။
" သားမျက်နှာကဘာဖြစ်တာလဲ "
သိသိသာသာ ညိုမဲစွဲနေသည့် မျက်နှာပေါ်က ဒဏ်ရာအားကြည့်ကာ မေးနေတဲ့ မေမေက Jenoနားမှာ ပြာပြာသလဲ ။
" ရန်ဖြစ်လာပြန်ပြီလား Nojam "
အန်ကယ့်အမေးအဆုံး Jenoက ကျွန်တော့်မျက်နှာကို တည့်တည့်စိုက်ကြည့်လေသည် ။
" မင်းဟာလေ ငါဘယ်တော့ပြောပြောရမယ့်ကောင် မဟုတ်ဘူး "
" အစ်ကိုကလည်း ကလေးကိုသေသေချာချာ ဂဃနနမေးပါအုန်း "
" ဘာမှမဖြစ်ပါဘူး မာမီလေး ။ ဒီအတိုင်း စကားများယုံပါ "
" သားရယ် လက်တွေဘာတွေပါတဲ့အထိကတော့ မကောင်းဘူးပေါ့ ။ လာ မာမီဆေးထည့်ပေးမယ် "
Jenoကိုလက်ဆွဲကာ ခုံမှာထိုင်စေတဲ့ မေမေက ဆေးထည့်ပေးဖို့ ပြာပြာသလဲ လုပ်ဆောင်နေသည် ။
" ရော့ "
စားပွဲပေါ်ပစ်ချလိုက်သည့် စာအိတ်တစ်ခု ။
Jenoက ယူကာကြည့်လေသည် ။
မေမေကဘာမှန်းမသိစွာ အန်ကယ့်ကိုမော့ကြည့်၍နေသည် ။
" သူEnglandမှာကျောင်းသွားတတ်ဖို့ ခေါ်စာကျပြီ "
Englandမှာ ။
" ကလေးတစ်ယောက်တည်းလွှတ်မလို့လား အစ်ကို "
" ဟိုမှာ သူ့ဘကြီးရှိတယ် ။ ပူစရာမလိုဘူး Hwayoung ။ ပြီးတော့ ဒါကလည်း သူ့ဆန္ဒပဲလေ ။ ဟိုမှာကျောင်းသွားတတ်ချင်လို့ ပူဆာနေတာကြာပြီ "
YOU ARE READING
Fanfictionကိုယ်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးက ကြိမ်ဖန်များစွာထွက်ကျလာတဲ့ မုန်းတယ်ဆိုတာလေးကို ကိုယ်ချစ်တယ်💛 Jeno💛Renjun