Zawgyi💛
" ရော့ မင်းစက်ဘီးအစုတ် "
ကားနောက်ဖုံးထဲမှထုတ်ကာ ကိုင်မပစ်ချခြင်းခံလိုက်ရတဲ့ စက်ဘီးလေးက မြေပြင်ထက်မှာ တုံးလုံးလဲလို့ကျလေသည် ။
" မင်းငါ့စက်ဘီးကို အဲ့လိုလုပ်စရာမလိုဘူး Lee Jeno "
" မင်းစက်ဘီးအစုတ်ကိုများ စကားလုပ်ပြီးပြောနေသေးတယ် ။ ရိုက်ချိုးလိုက်တော့ရော ဘာဖြစ်လဲ ။ မင်းစက်ဘီးထက် ဆယ်ဆသာတာ ငါပြန်လျော်ပေးနိုင်တယ် "
" မင်းဘာသာမင်း ဆယ်ဆမကလို့ အဆတစ်ရာဖြစ်နေပါစေ ။ ငါဂရုမစိုက်ဘူး ။ အေး ပစ္စည်းတန်ဖိုးဆိုတာ ငွေကြေးအတိုင်းအတာနဲ့ မဆိုင်ဘူး ။ ပေးတဲ့လူရဲ့မေတ္တာတရားနဲ့ စောင့်ရှောက်သူရဲ့တန်ဖိုးထားမှုနဲ့ပဲ သတ်မှတ်တာ ။ မင်းလိုကောင်စားမျိုးက ဒါမျိုးတွေပြောလည်း နားလည်မှာမှမဟုတ်တာ "
လဲကျနေသည့်စက်ဘီးလေးအား တယုတယ ကျွန်တော်ထူဖြစ်သည် ။
ကိုကိုဝယ်ပေးထားတဲ့ လက်ဆောင်လေးမို့ ဒီစက်ဘီးလေးက ကျွန်တော့်အတွက် အဖိုးတန်လွန်းတာ ကျွန်တော်အသိဆုံး ။
ပိုက်ဆံရှိရင် အရာရာပြီးမြောက်တယ်လို့ တွေးနေတဲ့ ကောင်အတွက်တော့ တန်ဖိုးဆိုတာ ဘာမှန်းမသိတာ မဆန်းပါဘူး ။
" Huang Renjun နေဦး "
" ငါမင်းနဲ့ဘာစကားမှဆက်မပြောနိုင်ဘူး "
" မင်းလေသံကိုအခုပြောင်းလိုက် "
" Lee Jeno မင်း အခုထက်ထိ ကလေးစိတ်မကုန်သေးတာလား ဟမ် ။ ငါ့ကိုကလေးကလား အမိန့်တွေလာမပေးနဲ့ "
" Huang Renjun "
လက်အားဆောင့်ဆွဲကာ နံရံမှာပိတ်ကပ်လိုက်တာမို့ ကျောကအောင့်တက်လို့သွားသည် ။
" Lee Jeno "
" မင်းရဲ့မာနတွေကို ချိုးနှိမ်ထား "
" ငါ ! ငါ့ကိုမာနတွေချိုးနှိမ်ဖို့ မင်းလာပြောတယ် ။ ရူးနေလား ။ မင်းကဘာမို့လို့လဲ ။ မင်းသိထားဖို့ Huang Renjunက မင်းအမိန့်ကို နာခံမှာမဟုတ်ဘူးနော် "
" မင်းစမ်းကြည့်လိုက်လေ "
" Lee Jeno မင်းကိုယ်မင်းသိပ်အထင်ကြီးလွန်းနေပြီ "
YOU ARE READING
Fanfictionကိုယ်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးက ကြိမ်ဖန်များစွာထွက်ကျလာတဲ့ မုန်းတယ်ဆိုတာလေးကို ကိုယ်ချစ်တယ်💛 Jeno💛Renjun