💛{ 13 }💛
456 65 2
Zawgyi💛
" Jeno ။ Renjunအခြေအနေက ဘယ်လိုလဲ "
အနားကိုလျှောက်လာကာ မေးလာသည့် Jaeminကို ကျွန်တော်ခေါင်းသာခါပြဖြစ်သည် ။
" မသိဘူး Jaemin ။ အခုထက်ထိ သတိမရသေးဘူး "
" Lee Min Hyungအခြေအနေက ထင်တာထက် ပိုဆိုးတယ်တဲ့ Jeno "
" ငါသူ့အကြောင်းမသိချင်ဘူး "
" မင်းမသိချင်လို့မရဘူး ။ Lee Min Hyungတစ်ခုခုဖြစ်သွားရင် "
" အေး သူတစ်ခုခုမဖြစ်ရင်လည်း သူ့ဘဝကို ထောင်ထဲမှာဆွေးသွားအောင် ငါတွန်းပို့မှာပဲ "
" Renjunစိတ်က အလိုတူအလိုပါနေတာလေ Jeno ။ ဖြားယောင်းသွေးဆောင်မှု မဟုတ်ဘူး "
" စာချူပ်စာတန်းအရ Renjunကို တရားဝင်ပိုင်တာ ငါ "
" ဟုတ်ပါတယ် ။ ဒါပေမဲ့ "
" ငါ့ထက်မင်းက ဥပဒေလမ်းကြောင်းကို ပိုနားလည်ပါတယ် Jaemin ။ ငါဘယ်လောက်အထိ သူ့တို့ကိုလုပ်ပိုင်ခွင့်ရှိလဲ မင်းသိမှာပါ ။ ငါအခု Renjunကို ပြန်ရလာလို့ ငါ့ဘက်က အဲ့လောက်အထိလျော့ပေးထားတာ "
" တကယ်လို့ Lee Min Hyungသေသွားခဲ့ရင် မင်းအပြစ်ကင်းပါတယ်လို့ မင်းပြောနိုင်လား "
" အကုန်လုံး သူတို့ရွေးတဲ့လမ်းပဲ Jaemin ။ အဆုံးသတ်ကို ကြိုစဉ်းစားပြီးမှ ဒီလမ်းကိုအတူသွားဖို့ ဆုံးဖြတ်ခဲ့ရင်တောင် သူတို့မသိခဲ့တာ ငါကRenjunကို သူနဲ့အတူထည့်ပေးမှာ မဟုတ်ဘူးဆိုတာ "
" မင်းမထည့်ပေးလိုက်တာ မဟုတ်ဘူး Jeno ။ Lee Min Hyungက ချစ်လွန်းလို့ ခေါ်မသွားခဲ့တာ ။ ရဲတွေဆီက စစ်ဆေးချက်တွေအကုန် ငါကြားပြီးပြီ ။ Accidentဖြစ်တဲ့အရှိန်က ပြင်းပေမယ့် Renjunကို ထင်သလောက်ထိမှာမဟုတ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ Renjunနေရတဲ့ positionက Lee Min Hyung ကိုယ်နဲ့ကာကွယ်ခြင်းခံထားရတဲ့ နေရာမို့လို့ ။ အစိတ်စိတ်အမွှာမွှာ ကွဲကုန်တဲ့ မှန်ကွဲစတွေအကုန်လုံး Lee Min Hyungကျောကုန်းပေါ်မှာပဲ ။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် Accidentဖြစ်ခါနီးမှာ Renjunကို သူ့ကိုယ်နဲ့ကွယ်ပြီး ဖက်လိုက်ပုံရတယ် "
" မင်းကဘယ်လောက်သိလို့လဲ Na Jaemin "
" မင်းလောက်တော့ မသိနိုင်ပါဘူး ။ အခင်းဖြစ်ရာနေရာကို ပထမဆုံးရောက်သွားတဲ့သူက မင်းပဲလေ Lee Jeno ။ မင်းမြင်ခဲ့တဲ့အရာက ငါခန့်မှန်းတာနဲ့ ထပ်တူကျမကျဆိုတာ မင်းအသိဆုံးပဲဖြစ်မှာပါ "