Zawgyi💛
ခြံထဲသို့ကားကိုမောင်းကာဝင်လာကတည်းက ခြံထဲရှိအပင်လေးတွေနားမှာထိုင်နေသည့် Renjunဆီ အကြည့်တို့ကရောက်နေပြီးသား ။
ကားပေါ်မှဆင်းကာ Renjunဆီတန်း၍လျှောက်သွားလိုက်ပြီး ဘေးနားမှာဝင်ထိုင်လိုက်တော့ ပြုံးပြလေသည် ။
" နေကောင်းလား Renjun "
" အင်း ကောင်းနေပြီ Jeno "
" တော်သေးတာပေါ့ ။ ငါ့မှာ အလုပ်ထဲနေနေရပေမဲ့ တစ်ချိန်လုံး မင်းကိုစိတ်ပူနေတာ "
နှဖူးပြေပြေပေါ်ဝေ့ဝဲကျနေသည့် ဆံပင်လေးတွေအား သပ်တင်ပေးရင်း ကျွန်တော်ပြောလိုက်တော့ Renjunက ရှက်ပြုံးလေးပြုံးနေသည် ။
" Jeno "
" အင်း "
" ငါတို့နှစ်ယောက်အကြောင်း နည်းနည်းလောက်ပြောပြပါလား "
" ငါတို့အကြောင်း အများကြီးပဲ တစ်ရက်တည်းနဲ့ကုန်မယ်မထင်ဘူး "
" မင်းဘယ်အချိန်မှာ ငါ့ကိုစချစ်သွားတာလဲ "
" ငါပြောရင် မင်းယုံမယ်မထင်ဘူး "
" ငါယုံပါတယ် "
" ငါမင်းအရိပ်ကလေးကိုမြင်ကတည်းကချစ်တာ "
" အရိပ်ကလေးနဲ့တင်ချစ်တယ် ဖြစ်နိုင်လို့လား "
" ဖြစ်နိုင်လို့ပဲ မင်းကိုငါချစ်ခဲ့တယ်လေ "
" တကယ်လို့ မင်းမြင်ခဲ့တဲ့အရိပ်ကလေး ငါကရုပ်ဆိုးနေခဲ့ရင်ရော "
" မင်းဖြစ်နေလို့ချစ်မှာပဲ "
" Jeno ah ! ငါလေ တစ်နေကုန် မင်းအကြောင်းစဉ်းစားနေတာ ပေါ်မလာဘူး ။ တောင်းပန်ပါတယ် "
" agioo ငါ့အချစ်ကလေးက အပင်ပန်းခံတတ်လိုက်တာ ။ ပေါ်မလာရင် မစဉ်းစားနဲ့ဟုတ်ပြီလား "
" Jeno "
" အင်း "
" ငါတို့စတွေ့တုန်းက ကျောင်းမှာမဟုတ်လားဟင် ။ မင်းBasketballဆော့နေခဲ့တာလေ "
Renjunဘယ်သူနဲ့တွေ့တာကိုပြောနေတာလဲ ။
" အင်း "
" မင်းBasketballဆော့နေတဲ့ပုံစံက အရမ်းကြည့်ကောင်းတာပဲ "
" ငါမှန်းမင်းဘယ်လိုလုပ်သိလဲ "
YOU ARE READING
Hayran Kurguကိုယ်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးက ကြိမ်ဖန်များစွာထွက်ကျလာတဲ့ မုန်းတယ်ဆိုတာလေးကို ကိုယ်ချစ်တယ်💛 Jeno💛Renjun