💛{ 22 }💛
919 69 17
Zawgyi💛
အဆက်မပျက်မြည်နေတဲ့ဖုန်းသံကြောင့် စားပွဲပေါ်မှ ဖုန်းကိုလှမ်းယူကာကိုင်လိုက်တော့ Haechan ။
" Haechan "
" မင်းကိုင်လို့တော်သေးတယ် Jeno "
" ငါလည်းမင်းကိုဆက်တော့မလို့ "
" ငါအရင်ပြောမယ် Jeno ။ မင်းကိစ္စဘယ်လောက်အရေးကြီးသလဲတော့ ငါမသိဘူး ။ ငါ့ကိစ္စကတော့ မင်းအတွက် အရေးကြီးတယ် "
" ဘာလဲ "
" ငါ မနေ့က Renjunကိုတွေ့လိုက်တယ် Jeno "
" Renjunကိုတွေ့တယ် ။ ဘယ်မှာလဲ Haechan "
" Vancouverက မြို့ပတ်လမ်းနားမှာ ။ ငါနောက်ကနေ မယောင်မလည်လိုက်သွားတော့ Vancouver nightထဲဝင်သွားတာတွေ့တယ် ။ သေချာတယ် Jeno ။ RenjunမှRenjunစစ်စစ်ပဲ "
" ငါမင်းကိုလှမ်းပြောမှာလည်း အဲ့ကိစ္စပဲ Haechan ။ ငါLee Min Hyungနဲ့တွေ့ခဲ့တယ် "
" Lee Min Hyung သူအဲ့ကိုပြန်ရောက်နေတာလား "
" အင်း ။ သူ့ဆီမှာ Renjunမရှိဘူးလို့ သိလိုက်ရကတည်းက Jaeminကို ငါမင်းဆီဆက်ခိုင်းနေတာ "
" Jaeminရော အနားမှာရှိလား "
" ဟင့်အင်း Haechan ။ သူကကလေးတွေနဲ့ အိပ်တာ ။ ငါJaeminကို အကြောင်းတစ်ခုခုပြပြီး မင်းဆီငါလာခဲ့မယ် Haechan ။ Renjunကို မင်းသေချာစောင့်ကြည့်ထားလိုက် "
Haechanဆီကဖုန်းကျသွားမှ မျှော်လင့်ချက်ရောင်ခြည်လေး အမျှင်တန်းသွားသည့်နှယ် ။
ငါမင်းဆီကိုရောက်အောင်လာခဲ့မယ် Renjun ။
" မင်းဘာလုပ်နေတာလဲ Jeno "
အဝတ်တွေထည့်နေတဲ့ ကျွန်တော့်နောက်ကို ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ Jaeminက Laggageကိုကြည့်ရင်း မေးခွန်းထုတ်လေသည် ။
" ငါ Germanyကို ခဏသွားမလို့ Jaemin "
" Germany ?  ဘာကိစ္စနဲ့လဲ "
" Germanyရဲ့ကိုယ်စားလှယ်နဲ့တွေ့စရာရှိလို့ "
" ဗြုန်းစားကြီးလား "
" အရေးကြီးလို့ Jaemin ။ သားနဲ့သမီးကို မင်းပဲကြည့်ထားပေးပါအုန်း "
" မင်းကဘယ်လောက်ကြာမှာလဲ "
" အများဆုံးတစ်ပတ်ပါ "