💛{ 12 }💛
456 63 3
Zawgyi💛
" Renjun "
ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့ မျက်နှာလုံးလုံးလေးက အဘယ်မျှချစ်ဖို့ကောင်းလိုက်ပါဘိသနဲ့ ။
" မင်းနဲ့အတူစားဖို့ ငါဝယ်လာတာ "
လက်ထဲမှာကိုင်ထားတဲ့ Pizzaဘူးလေးအား မြှောက်ပြကာ ကျွန်တော်ပြောတော့ Renjunက ဘောပင်ထိပ်ပိုင်းလေးကို သူ့သွားချွန်ချွန်လေးတွေနဲ့ ကိုက်ခဲလို့နေသည် ။
" စာကျက်တာ ခဏနားပြီး မုန့်စားရအောင် "
" မစားတော့ဘူး ။ မင်းပဲစား "
" Renjunကလည်းကွာ ခဏလေးစားတာပဲ ။ မင်းစာကျက်ချိန်ကို အနှောင့်အယှက်မဖြစ်ပါဘူး "
" အဲ့ဒါက မင်းအထင်လေ ။ ငါဒီPaperကို မရသေးဘူး "
" စားပြီးမှဆက်ကျက်လည်းရပါတယ် "
" Jeno ငါမစားဘူးလို့ပြောပြီးပြီလေ "
ကျွန်တော်ဘာများမှားသွားလို့ Renjunက ကျွန်တော့်ကိုထအော်လိုက်တာလဲ ။
Pizzaလေးစားဖို့ခေါ်မိတာ အဲ့လောက်အပြစ်ကြီးသွားလို့လား ။
" မင်းအခုမစားချင်သေးလည်း ငါစားပွဲပေါ်တင်ထားလိုက်မယ် ။ မင်းဗိုက်ဆာတဲ့အခါ ထစားပေါ့ "
Pizzaဘူးအား စားပွဲပေါ်တင်ပေးခဲ့ကာ ရေချိုးခန်းထဲသို့ ဝင်ခဲ့လိုက်သည် ။
ရေချိုးအဝတ်အစားလဲကာ Laptopအားယူပြီး အလုပ်လုပ်ဖို့ပြင်နေတုန်း Renjunကို တစ်ချက်မော့ကြည့်လိုက်တော့ ဂုတ်ကိုလက်ကလေးများနှင့် ဖျစ်ညှစ်နေသည် ။
" ဇက်ကြောတက်လို့လား ။ ငါနှိပ်ပေးရမလား Renjun "
" ရတယ် ။ မလိုဘူး "
မလိုဘူးဆိုတော့လည်း မလိုဘူးပေါ့ ။
အာရုံတို့စုစည်းကာ လုပ်ရမယ့်အလုပ်ပေါ်ကိုသာ အကုန်ပုံချလိုက်တော့သည် ။
" Jeno သားကိုဒယ်ဒီခေါ်နေတယ် "
" ဟုတ်ကဲ့ ဦးလေးTaeil "
ဒယ်ဒီခေါ်နေတာမို့ ထိုင်နေရာမှထကာ ထွက်ခဲ့လိုက်သည် ။
အောက်ထပ်သို့ဆင်းခဲ့တော့ ဒယ်ဒီက စာကြည့်ခန်းထဲမှာ ။