💛{ 1 }💛
1.3K 96 3
Zawgyi💛
လူတွေက များသောအားဖြင့် ချစ်စဖွယ်အမူအကျင့်လေးတွေကိုဆို မြတ်နိုးကြတယ် ။
ကိုယ်ကတော့ မင်းနဲ့ပတ်သတ်ရင် ချစ်စရာပဲဖြစ်ဖြစ် စိတ်ဆိုးတာလေးပဲဖြစ်ဖြစ် မျက်စောင်းထိုးတာ အောက်နှုတ်ခမ်းလေးကိုက်တာ မျက်မှောင်ကြုတ်တာ မင်းရဲ့အမူအယာလေးတိုင်းကို မြတ်နိုးမိတယ် ။
ကိုယ်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးက ကြိမ်ဖန်များစွာထွက်ကျလာတဲ့ မုန်းတယ်ဆိုတာလေးကိုတောင် ကိုယ်ကမြတ်မြတ်နိုးနိုးချစ်ရတယ်💛
💛💛
" မေမေဘာပြောလိုက်တာလဲ "
ကြားပါလျက်နှင့် ထပ်မံသေချာအောင် နောက်တစ်ကြိမ်ပြန်မေးလိုက်တဲ့ စကားအဆုံး မေမေက သက်ပြင်းကိုဖြေးဖြေးချလေသည် ။
" ဟုတ်တယ်သား ။ မေမေ နောက်အိမ်ထောင်ပြုတော့မယ် "
နောက်အိမ်ထောင် ။
ကျွန်တော့်အဖေနေရာမှာ ထပ်မံအစားထိုးပြီး ဝင်လာမယ့်လူတစ်ယောက် ။
ကျွန်တော်လက်မခံနိုင်ပါ ။
" ကျွန်တော် "
" သားကမေမေ့ကိုနားလည်ပေးပါ "
ကန့်ကွက်ခြင်းတွေက မေမေ့ရဲ့မျက်ရည်တွေကိုမြင်တော့ ဆက်ပြီးထွက်ကျမလာတော့ ။
" သားသိပါတယ် ။ မေမေဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာလေ "
ဥပေက္ခာမပြုရက်ပါ ။
ဖေဖေမရှိတော့ကတည်းက လူမမယ် ကျွန်တော့်လက်ကိုဆွဲပြီး မေမေက လောကဓံကို မိန်းမသားတန်မဲ့အံတုခံခဲ့တာ ။
" မေမေ့သဘောပါ "
" မေမေ့သားလေးက လိမ္မာလိုက်တာ "
ကျွန်တော့်နှဖူးကို မေမေနှစ်နှစ်ခြိုက်ခြိုက်နမ်းရင်း ပြုံးရယ်လေသည် ။
မေမေပြုံးရင် ကျွန်တော်ပျော်တယ် ။
မေမေ့အပြုံးတွေက ကမ္ဘာမှာအလှဆုံးပဲ ။
-
" သား Nojam "
ဒယ်ဒီ့ခေါ်သံကို ခပ်အေးအေးပင် မော့ကြည့်ဖြစ်သည် ။