Zawgyi💛
နှစ်ဖက်မိဘတွေ့ဆုံပွဲတဲ့ ။
နှလုံးသားကို နှလုံးသားနဲ့ထပ်ပြီး အချစ်တွေကို ဘယ်သူပိုသာပါတယ် အလေးချိန်တဲ့ပွဲလား ကျွန်တော်မသိပါ ။
ကျွန်တော့်အတွက်တော့ ကျွန်တော်နဲ့မဆိုင်တဲ့ ပွဲအခမ်းအနားတစ်ခုမှာ ကျွန်တော်မပိုင်ရတဲ့ လူတစ်ယောက်ရဲ့အပြုံးတွေကို ခေါင်းလေးစောင်းငဲ့ပြီး ခိုးကြည့်နေရတဲ့ နှလုံးသားသဂြိင်္ုလ်ပွဲတစ်ခုသာသာပါပဲ ။
" သား Jeno ထည့်စားလေ "
မာမီလေးက ပန်းကန်ထဲ
ဟင်းတွေခပ်ထည့်ပေးလို့နေပေမဲ့ ဝိုင်ခွက်ကိုသာကိုင်၍ အနည်းငယ်သောက်လိုက်သည် ။" ကိုကို ရော့ "
ပန်းကန်းထဲရှိဟင်းအချို့အားခပ်ကာ သဒ္ဓါလွန်နေတဲ့ အပြုံးချိုချိုတို့က ကျွန်တော့်အတွက်မှ မဟုတ်ခဲ့တာ ။
မသိလိုက်ခင်မှာပဲ လိမ့်ဆင်းလာတဲ့ မျက်ရည်စအချို့ကို ဖိသုတ်လိုက်ပြီး ဝိုင်ကိုသာမော့သောက်ပစ်လိုက်သည် ။
မင်းကဟောဒီဝိုင်လိုပဲ Renjun ။
နည်းနည်းလေးသောက်ယုံနဲ့တင် နှလုံးသားကို ရီဝေမူးနောက်စေတယ် ။
" Jenoအများကြီးမသောက်နဲ့ "
ဒယ်ဒီက အနားကပ်ကာ သတိပေးလေသည် ။
ကျွန်တော့်ရဲ့အသဲကွဲအခမ်းအနားပါ ဒယ်ဒီ ။
အရက်နဲ့လောင်းပြီး မီးမြှိုက်ရင်တောင် ကျွန်တော့်နှလုံးသားထဲကတောက်နေတဲ့ မီးကိုမှီနိုင်မယ်မထင်ဘူး ။
ဒါကအဆုံးသတ်တော့မဟုတ်ဘူး Renjun ။
ငါပြောခဲ့သလိုပဲ မင်းကိုဘယ်သူလက်ထဲမှ ငါထည့်မပေးနိုင်ဘူး ။
ခပ်ရေးရေးသာနေတဲ့လကလေးက ကောင်းကင်ထက်မှာထင်းလင်းစွာ ။
စာအုပ်လေးကိုင်ကာ ခုံမှာထိုင်ပြီး ကြယ်တွေကို ငေးကြည့်နေတဲ့ Renjunဘေး ခပ်ဖြေးဖြေး ကျွန်တော်ဝင်ထိုင်လိုက်တော့ လှည့်ကြည့်လာသည် ။
" မင်းမအိပ်သေးဘူးလား "
" ငါအိပ်မပျော်လို့ Renjun ။ ငါမင်းကိုတိုင်ပင်စရာရှိတယ် ။ ရင်ဖွင့်ချင်တာဆို ပိုမှန်လိမ့်မယ် ။ မင်းနားထောင်ပေးမလား "
YOU ARE READING
Fanfictionကိုယ်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးက ကြိမ်ဖန်များစွာထွက်ကျလာတဲ့ မုန်းတယ်ဆိုတာလေးကို ကိုယ်ချစ်တယ်💛 Jeno💛Renjun