💛{ 4 }💛
525 83 5
Zawgyi💛
ရုတ်တရက်လှည့်ကြည့်လိုက်တဲ့ Renjunမမြင်အောင် အမှောင်ရိပ်ကျသည့် တိုင်လုံးနောက်ဝင်ပုန်းလိုက်တော့ ဟိုကြည့်သည်ကြည့်နဲ့ Renjunခေါင်းလေးကုတ်ကာ စာကိုဆက်၍ကျက်နေသည် ။
အခုအချိန်အထိ ကျောင်းမပြီးသေးတာလား အမှိုက်ကလေး ။
စချင်တာမို့ ခပ်ဖြေးဖြေးထိုင်ချကာ နှင်းဆီပန်းအိုးထဲရှိ ကျောက်စရစ်ခဲတစ်လုံးကိုယူ၍ အကျီင်္လက်မောင်းနားကို လှမ်းပစ်လိုက်တော့ စာအုပ်လေးချကာ လျှောက်ကြည့်နေပြန်သည် ။
" ဘယ်သူလဲ "
မေးသာမေးနေတာ ခြေလှမ်းကတစ်လှမ်းလေးတောင် အရှေ့ကိုရွေ့မလာ ။
" ဘယ်သူမှလည်းမရှိပဲနဲ့ ဒီခဲလုံးက ဘယ်ကကျလာတာလဲ "
ခဲလုံးအားကောက်ယူကာ ခေါင်းလေးစောင်းပြီး ခွဲခြမ်းစိတ်ဖြာလို့နေသည် ။
ငါတကယ်မထင်ခဲ့ဘူး Renjun ။
မင်းအဲ့လောက်အထိ ချစ်ဖို့ကောင်းလာလိမ့်မယ်လို့ ။
ဆံပင်အဝါပျော့ပျော့လေးတွေနှင့် လုံးသွယ်သွယ်မျက်နှာလေးက တကယ့်အလှတရားလေး ။
ငယ်ငယ်ကအဲ့လောက်ရုပ်မထွက်ဘူးထင်ရပေမယ့် အရွယ်ရောက်လာတော့လည်း ချောသားပဲ ။
စိတ်ကလေးမဆိုသလောက် တိုတတ်တာကလွဲပြီးပေါ့ ။
" သရဲခြောက်တာလား ။ မဖြစ်နိုင်ပါဘူး "
မဖြစ်နိုင်ပါဘူးသာပြောတာ အခန်းထဲပြေးဝင်သွားလိုက်တာများတန်းလို့ ။
ငါကတကယ်ထူးဆန်းတယ် Renjun ။
မင်းနဲ့သင့်မြတ်ဖို့ ငါဘယ်တော့မှ ကြိုးစားမှာမဟုတ်သလို မင်းနဲ့ငြိမ်းချမ်းရေးလည်း ဘယ်တော့မှရှိလာမှာမဟုတ်ဘူး ။
ဟိုးအရင်ကတည်းက အခုထက်ထိ မင်းစိတ်ဆိုးတာကို သဘောကျတဲ့ငါက ရှေ့လျောက်ပြီးလည်း မင်းဒေါသထွက်အောင် ထပ်စမိနေအုန်းမယ်ထင်တယ် ။
ခေါင်းကိုခါကာပြုံးလိုက်ပြီး အခန်းဆီသို့ ပြန်လာခဲ့လိုက်သည် ။
စောစောက အရောင်လဲ့နေတဲ့ အခန်းမီးလေးလည်း မှိတ်လို့သွားချေပြီ ။