💛{ 10 }💛
500 71 6
Zawgyi💛
" Renjun "
မနက်စောစောထပြီးကျောင်းသွားဖို့ပြင်တာတောင် Lee Jenoလက်က မလွတ်မြောက်နိုင်သေး ။
ခေါ်သံနှင့်အတူ အနားကိုလျှောက်လာသည့် သူ့ကိုလှည့်ကြည့်လိုက်တော့ ခပ်အေးအေးပင် ကားသော့ကိုလက်ညှိုးနှင့်လှည့်ကာ ကားတံခါးကိုဆွဲဖွင့်လေသည် ။
" ကားပေါ်တက် "
" ငါ့ဘာသာ ငါ့စက်ဘီးနဲ့ပဲသွားမယ် "
" မင်းစက်ဘီးကို ငါရိုက်မချိုးစေချင်ရင် ကားပေါ်တက်လိုက် Renjun "
" Lee Jeno မင်းသိပ်များနေပြီနော် "
" ငါ့အချိန်တွေကို မဖြုန်းနဲ့ Renjun ။ မနက်ပိုင်းmeetingအမှီ သွားရမှာ "
" သွားလေ သွားပေါ့ ငါနဲ့ဆိုင်လား "
" ငါမင်းကိုကျောင်းလိုက်ပို့ခဲ့မှတော့ဖြစ်မယ်လေ ။ လာပါ တက်စမ်းပါ "
လက်မောင်းကနေကိုင်ကာ ကားထဲပစ်ထည့်လိုက်တာမို့ ဒရောသောပါး ဝင်သွားသည် ။
ကျွန်တော့်ရဲ့နာကျင်ခြင်း မနာကျင်ခြင်းကို Lee Jenoက ဂရုစိုက်တတ်သူမဟုတ် ။
သူဖြစ်ချင်တာကို ဖြစ်ရဖို့သည်သာလျှင် သူ့ရဲ့ဆန္ဒမို့ ကျွန်တော့်ကိုခါးပတ်အတင်းပတ်ပေးကာ ကားကိုအရှိန်နဲ့မောင်းထွက်လေသည် ။
" မင်းTimetableငါ့ကိုပေး "
" မင်းနဲ့မဆိုင်ဘူး "
" မင်းရဲ့ယောက်ျားတစ်ယောက်အနေနဲ့ မင်းအတန်းဘယ်အချိန်တက်ရတယ် ။ ဘယ်အချိန် ပြန်ဆင်းရတယ်ဆိုတာလောက်တော့ ငါသိခွင့်ရှိတယ် "
" ငါ့ကိစ္စတွေကို မင်းသိစရာမလိုဘူး "
ကားပေါ်မှဆင်းကာ တံခါးကိုဆောင့်ပိတ်ပစ်လိုက်သည် ။
" ညနေ ငါလာကြိုမယ် ။ စောင့်နေ "
မင်းစောင့်ခိုင်းတိုင်း ငါစောင့်နေရမှာလား ဝေးသေး ။
ကျောင်းဝန်းထဲက Jenoကားထွက်သွားမှ စာသင်ခန်း၏ ဆန့်ကျင်ဘက်သို့ ခြေလှမ်းတို့ ဦးတည်လိုက်သည် ။
ကြိုပြီးရောက်နေပုံရသည့်ကိုကိုက ခုံမှာငြိမ်ငြိမ်လေးထိုင်ကာ စောင့်နေသည် ။