💛{ 17 }💛
432 54 2
Zawgyi💛
" မင်းကိုမလုပ်နဲ့လို့ အန်တီပြောနေတယ် Robin "
" ကျွန်တော်က Mark Hyungကို အဲ့အတိုင်း ထိုင်ကြည့်နေရမှာလား အန်တီ "
" မင်းကိုကြီးကို မင်းချစ်တာ အန်တီသိတယ် Robin ။ ဒါပေမဲ့ Huang Renjunကိုထိတာ မင်းအစ်ကိုကြိုက်မှာမဟုတ်ဘူး ။ မာမီ့သားလူမိုက်ကြီးက အချစ်ကိုသိပ်ကိုးကွယ်ခဲ့တာ "
အန်တီအပြုံးတွေ ကွယ်ပျောက်ကုန်တာ မြင်ရဲ့လား Mark Hyung ။
ဘယ်အချိန်အထိ ဒီလိုကြီးလှဲလျောင်းနေပြီး Mark Hyungချစ်တဲ့မာမီကို စိတ်ဆင်းရဲစေမှာလဲဗျာ ။
" Katherine ဘာလို့ကလေးတွေကို စိတ်မကောင်းဖြစ်အောင်လုပ်နေတာလဲ "
" Robinကို တားနေတာပါ ကို "
" မတားနဲ့ Katherine ။ Robinလုပ်တာမှန်တယ်လို့ ကိုယ်ထင်တယ် ။ သားအတွက် ထိုက်တန်တဲ့ လျော်ကြေးတော့ ပြန်ပေးရမှာပဲ "
" ကိုမသိဘူးနော် ။ ကို့သားက အဲ့ကလေးအတွက် ကျွန်မကိုတောင် အတိုက်အခံလုပ်ခဲ့တာ "
" ကိုယ်သိတယ် ။ သားအတွက် ကောင်းကျိုးကိုမဖြစ်ထွန်းစေရင် ဘယ်သူ့ကိုမှ ကိုယ်welcomeလုပ်မှာမဟုတ်ဘူး "
" သားသိရင် ခွင့်ပြုမှာမဟုတ်ဘူး "
အန်တီ့ရဲ့လက်ကလေးတွေက Mark Hyungရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုတ်ကိုင်လို့ထားသည် ။
မိခင်တစ်ယောက်ရဲ့ ရင်ထဲကအပူက သားအတွက် ဘယ်လောက်တောင် ပူလောင်နေလိုက်မလဲ ။
Mark Hyungဗျာ ။
Mark Hyungကိုးကွယ်သလို Mark Hyungချစ်သူက အချစ်ကို ကိုးကွယ်တယ်လို့ ထင်ခဲ့လို့လား ။
" မာမီ့သားလေး "
လက်ကလေးအား နှဖူးနှင့်ထိခတ်ကာ ငိုနေတဲ့ အန်တီရဲ့ပခုံးတို့က သိမ့်သိမ့်တုန်လို့နေသည် ။
" အန်တီရယ် မငိုပါနဲ့ ။ Mark Hyungပြန်လာမှာပါ "
" တီတီတာတာတွေပြော တောက်တဲ့တောက်တဲ့ လျှောက်ခဲ့စဉ်ကတည်းက မာမီ့စကားကို တသဝေမတိမ်းနားထောင်ခဲ့တဲ့ ကလေးလေးက ဒီလိုအဖြစ်မျိုးကြုံစရာမလိုဘူးလေ သားသားရယ် "