Zawgyi💛
" Jeno မင်းအဆင်ပြေရဲ့လား "
သားကိုချီရင်းမေးနေသည့် Jaeminအား ခေါင်းခါပြလိုက်သည် ။
သမီးကိုကျောပိုးပြီး ဟင်းချက်နေရတာ ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်ပါ့မလဲ ။
" မပြေဘူး Jaemin ။ မင်းတူမကလည်း ငါ့ကျောပေါ်ကလွဲပြီး မဆင်းချင်ဘူး "
" Yijun ah ! ဦးဦးဆီလာလေ "
Haechanက နောက်ကနေ ချော့မြူကခေါ်နေပေမဲ့ သမီးက ကျွန်တော့်ကိုပဲ တွယ်ကပ်လို့နေသည် ။
" မင်းအလုပ်သွားရင် ဘယ်လိုလုပ်မလဲ "
" ကလေးတွေကို ဘယ်လိုလုပ်ပြီး ဆေးရုံခေါ်သွားရမှာလဲ ။ မင်းတို့တွေရှိတာပဲ ကြည့်ထိန်းကြပေါ့ "
" ငါကရုံးသွားရအုန်းမယ်လေ ။ Channieမင်းထိန်း "
" ငါမင်းတို့ကိုပြောမလို့ ။ ငါCanadaပြန်တော့မှာ "
" Yarr Lee Haechan မင်းငါ့ကိုတစ်ယောက်တည်း ထားခဲ့တော့မလို့လား "
Jaeminက ထအော်ပေမဲ့ ကျွန်တော်ကတော့ ခေါင်းသာညိတ်မိတယ် ။
" မင်းတို့လည်း ငါ့အတွက် ဒုက္ခခံရတာတွေ များပါပြီ ။ ငါလည်းကလေးထိန်းတစ်ယောက်လောက်တော့ ခေါ်ဖို့စဉ်းစားထားပါတယ် "
" ကလေးထိန်းဆိုတာထက် မင်းသူတို့အတွက် အရေးပါတဲ့လူတစ်ယောက်ကို ရှာဖွေသင့်တာ Jeno "
" နောက်ထပ်အိမ်ထောင်ပြုဖို့လား ။ မလုပ်နဲ့ Jeno "
Haechanက တိုက်တွန်းချင်ပေမဲ့ Jaeminက ကန့်ကွက်လို့နေသည် ။
" မင်းတစ်ယောက်တည်းနဲ့တော့ ဒီအလုပ်တွေ အကုန်လုံးမနိုင်ဘူးလေ Jeno "
" ပြောစမ်းပါအုန်း ငါကဘယ်သူ့ကိုယူရမှာလဲ ။ ပြီးတော့ ငါ့သားသမီးတွေနဲ့ အဆင်ကလည်းပြေအုန်းမှ ။ နောက်ပြီး ငါမိန်းမတစ်ယောက်ကို လက်မထပ်ချင်ဘူး Channie "
" မင်းပြောတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့လူရှိပါတယ်ကွ "
" ဘယ်သူလဲ "
" မင်းမသိလို့မကြည့်တာပါ အချစ်ကမင်းအနားမှာပါ "
" ငါလူးမသား ခွေးသား "
YOU ARE READING
Fanfictionကိုယ်မြတ်နိုးရတဲ့ နှုတ်ခမ်းပါးလေးက ကြိမ်ဖန်များစွာထွက်ကျလာတဲ့ မုန်းတယ်ဆိုတာလေးကို ကိုယ်ချစ်တယ်💛 Jeno💛Renjun