💛{ 18 }💛
386 53 3
Zawgyi💛
ထားသွားခံရမှာကိုကြောက်တဲ့ ခံစားချက်က ဘာလဲလို့ မင်းလေးကတော့ သိမှာမဟုတ်ဘူး ။
တရားမဲ့စွာလုယူခဲ့တဲ့အချစ်တစ်ခုကို ပြန်လည်လက်လွှတ်လိုက်ရမှာစိုးရိမ်တဲ့စိတ်ကို ဥစ္စာခြောက်တယ်လို့ ခေါင်းစဉ်တပ်ရမလား ။
မိုးပြိုမှာကြောက်တဲ့ တစ်တီတူးလို ခြေနှစ်ချောင်းလေပေါ်မြှောက်ပြီး ဖြစ်လာမယ် မသေချာသေးတဲ့အရာအတွက် ကြိုတင်ပဲကမ္ဘာပျက်ထားရတော့မလား ။
ပိုင်ရှင်မသိအောင် ခိုးယူမိတဲ့ပစ္စည်းလေးကို ပိုင်ရှင်ထံပြန်ပေးရမှာ မရဲတရဲနဲ့iiiiii လက်ကလေးနောက်ပစ်ပြီး ကလေးတစ်ယောက်လိုပဲ ဘယ်သူမှမမြင်နိုင်တဲ့နေရာတစ်ခုမှာ မင်းကိုဖွတ်ထားလိုက်ချင်တယ် ။
ဖြစ်နိုင်ရင် Renjunရယ် မင်းကို ငါ့နှလုံးသားထဲမှာ လှိုဏ်ခေါင်းထွင်းပြီး သော့ပိတ်သိမ်းဆည်းထားပစ်လိုက်ချင်တော့တယ် ။
" Jeno မအိပ်သေးဘူးလား "
အိပ်မှုံစုံမွှားနှင့် မော့ကြည့်လာသည့် မျက်ဝန်းလေးတွေက ပကတိအပြစ်ကင်းစင်စွာ ။
အမုန်းတရားတွေ မပျော်ဝင်ဘူး ။
အငြှိုးအာဃာတတွေ ခိုတွဲမနေဘူး ။
နာကျင်ခြင်းတွေ ရောပြွန်းမနေဘူး ။
" ငါ့ကြောင့် မင်းနိုးသွားတာလား "
ခပ်ဖြေးဖြေးRenjunခေါင်းခါလေသည် ။
" မအိပ်ပဲ ဘာလို့ငါ့ကိုထိုင်ကြည့်နေတာလဲ Jeno "
" ပျောက်ကွယ်သွားမှာစိုးလို့ "
" ငါကအတောင်ပံဖြုတ်ထားတဲ့ နတ်သားမဟုတ်သလို ပဉ္စလက်အတက်ကို ကျွမ်းကျင်တဲ့ မှော်ဆရာလည်း မဟုတ်ပါဘူး "
" အတောင်ပံတွေမပါလည်း မင်းကလှတယ် ။ မှော်အတက်တွေနဲ့ မပြုစားလည်း မင်းအကြည့်တစ်ချက်မှ ငါရူးခါနေရတာပါပဲ "
" ဘယ်လောက်ချစ်ကြောင်းပြောဖို့ ငါ့အိပ်စက်ခြင်းတွေ နှောင့်ယှက်ခဲ့တာလား "
" မင်းအိပ်စက်ခြင်းကို မျက်တောင်တစ်ထောက်စာတောင် မပျက်သုန်းစေချင်တာ ငါ့ရဲ့မေတ္တာပါ Renjun "