Unicode
♥" Hyuckie ခဏလေး အခု ဘာလုပ်နေတာလဲ "
" အဝတ်အစားတွေ ထုတ်နေတာလေ ၊ ပြန်တော့မယ် ဒီအိမ်မှာ မနေနိုင်တော့ဘူး "
" ဘာလို့အဲ့လို လျှောက်လုပ်နေမှာလဲ ၊ ကိုယ်တို့ လက်ထပ်တာမှ သုံးလတောင် မပြည့်သေးတာကွာ ၊ မေမေပြောတဲ့စကားထဲ ဘာစိတ်ဆိုးစရာ ပါလို့လဲ "
" ဪ စိတ်ဆိုးစရာမပါဘူး ဟုတ်တယ် ၊ သားဖြစ်သူ ယူထားတဲ့ ကောင်လေးရှေ့မှာ ဘယ်လို ချွေးမ လိုချင်တာ ၊ ချွေးမ ရရင် ဘယ်လောက်ကောင်းမလဲ ပြောနေတာ စိတ်ဆိုးစရာမပါဘူးလား "
" မေမေက အဲ့လိုပဲ ၊ စိတ်မဆိုးပါနဲ့ ကိုယ် တောင်းပန်ပါတယ် "
" မသိဘူး ဒီအိမ်မှာ မနေချင်တော့ဘူး ၊ ကိုကို မရှိတဲ့အချိန် ကိုကို့မေမေက ကျွန်တော့်ကို ဘာတွေ ပြောလဲ ကိုကို သိလို့လား ၊ ကိုကို ခံစားရဖူးလို့လား ၊ ကျွန်တော် ထမင်းဟင်းမချက်ပေးတက်ဘူး ဟုတ်တယ် ဒါပေမယ့် ကြိုးစားသင်နေတာပဲလေ ၊ မီးဖိုချောင်ထဲ လုပ်ကူပြန်ရင်လည်း မင်း ဘာမှ လုပ်တက်မှာ မဟုတ်ဘူးဆို နှင်ထုတ် ၊ ဘေးအိမ်က အန်တီကြီးတွေ လာရင် ကျွန်တော့်မကောင်းကြောင်းတွေ ထိုင်ပြောနဲ့လေ ..ကျွန်တော် ဘယ်ပျော်နိုင်မှာလဲ "
" ကိုကို တောင်းပန်တယ် ဟုတ်ပြီလား ၊ စိတ်လျှော့ပါကွာ ၊ အိမ်မှာနေရတာ မပျော်ရင် ကိုကို အလုပ်သွားတဲ့အခါ Hyuckie ကိုပါ ခေါ်သွားမယ် ဟုတ်ပြီလား ၊ မငိုနဲ့တော့နော် "
ခုတင်ပေါ် ထိုင်ပြီး ခလေးလေးလို ပြောပြောပြီး ငိုနေသည့် Donghyuck ကို Mark က ဘေးကနေ ထိုင် ချော့ နေရသည် ။ အိမ်မှာ မေမေရယ် ဖေဖေရယ် အစ်ကိုကြီး Taeyong ရယ် Mark တို့ နှစ်ယောက်ရယ် Jeno ရယ် အငယ်ဆုံးလေး Jisung ရယ် အားလုံး အတူတူ နေကြသည် ။ Mark နဲ့ Donghyuck က ချစ်သူသက်တမ်း တစ်နှစ်လောက်မှာပဲ Donghyuck မိဘတွေက သဘောမတူလို့ ခိုးပြေးလက်ထပ်ခဲ့ကြသည် ။ တစ်ဦးတည်းသော သားလေး ကို ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး မွေးခဲ့သည့် မိဘတွေက သားဖြစ်သူလုပ်ရပ်ကို စိတ်ဆိုးပြီး အမွေပြတ် စွန့်လွှတ်ခဲ့သည် ။
ထို့ကြောင့်လည်း Donghyuck ကို သူ့မိဘတွေဆီ ပြန်မအပ်ပေးရသေးခဲ့ ။ လူလတ်တန်းစားတွေ ဖြစ်တဲ့ Mark ရဲ့ မိဘတွေကလည်း သားဖြစ်သူက ခိုးလာပြီ ဆိုမှ မတက်နိုင်သည့် အဆုံး လက်ခံပေးခဲ့ခြင်းသာ ။ Mark ဘွဲ့ယူမည့် နှစ် ဖြစ်လို့ မင်္ဂလာဆောင်ပေးခဲ့ခြင်းမျိုး မရှိပဲ အကျဉ်းရုံးသာ လက်ထပ်ပေးခဲ့သည် ။
YOU ARE READING
Melancholy [ Completed ]