Unicode
ညဈေးတန်းမှာ တွေ့လိုက်တုန်းက ကလေးလေး တက်သွားသည့် ကားအပြာရင့်ရောင်လေးက မျက်စိရှေ့မှာတင် ဝှီးကနဲ ပြေးဆွဲသွားသည် ။
" သား !! ! "
လမ်းချိုးထဲ ကွေ့ဝင်သွားသည့် ထိုကားအပြာလေးက မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်ခနဲ ပျောက်သွားသည် ။ အမြန်ပြေးဝင်လိုက်သည့် လမ်းကြားလေးက စတိုးဆိုင် လေးနဲ့ လမ်းသွားလမ်းလာ တစ်ယောက် နှစ်ယောက်သာ ရှိပြီး တိတ်ဆိတ်နေ၏ ။
" သားလေး !! "
လေးလံသည့် ခြေလှမ်းတွေက နောက်ပြန်မလှည့်မိပဲ ထိုလမ်းမ အတိုင်း လျှောက်နေမိသည် ။ မျက်လုံးထဲ ခဏခဏ ပြန် ပေါ် လာသည့် ညဈေးတန်းက ကလေးလေးရဲ့ ရယ်နေတဲ့ပုံရိပ်လေးကြောင့် အိပ်မရခဲ့တာ ကြာပြီ ။ ကျွန်တော့်အိမ်မက်ထဲက ကလေးလေး နဲ့ တူတယ်လို့ ခံစားနေရပြီး အဲ့တာက ကျွန်တော်သားလေးလို့ပဲ ထင်နေတယ်။
လူသိပ်မရှိသည့် ရပ်ကွက်ထဲက ကစားကွင်းလေးက စက်ဘီးစီးသင်နေကြသည့် ကလေးငယ်လေးတွေရယ် ၊ ဒန်းစီးနေကြသည့် ကလေးမလေး နှစ်ဦးရယ်သာ ရှိသည် ။ ကျွန်တော် ပြေးလိုက်ရှာခဲ့တဲ့ ကားအပြာရင့်ရောင်လေးကို မတွေ့ရတာနဲ့ ရပ်နေသည့် ကျွန်တော့်ခြေထောက်တွေက ပြိုလဲကျချင်လာသလိုပင် ။
ပြင်းလွန်းသည့် နေအပူရှိန်ကြောင့် လူက ချွေးတွေထွက်ကာ အားယုတ်လို့နေသည် ။ သစ်ပင်အရိပ်ရှိရာမှာ ခဏအမောဖြေပြီးတာနဲ့ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပြီး SungChan ဆီ ဆက်လိုက်သည် ။
" အင်း ..!! SungChan ငါ ..."
ရုတ်တရက် ခြေထောက်ကို ဖက်တွယ်လာသည့် လေးလံသည့် အရာကြောင့် ပြောလက်စစကားတွေ ရပ်သွားပြီး ငုံ့ကြည့်လိုက်မိသည် ။
" ဒယ်ဒီ !!?? "
ခြေထောက်တစ်ဖက်ကို ဖက်ထားပြီး မျက်ဆံနက်နက်ကလေးတွေရှိသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် ကျွန်တော့်ကို မော့ကြည့်နေသည့် ကလေးငယ်လေး ။
" သား !!! ဒယ်ဒီ မင်းကို လိုက်ရှာနေတာ "
ညဈေးတန်းမှာ တွေ့ခဲ့သည့် ကလေးငယ်လေး ။
YOU ARE READING
Melancholy [ Completed ]