အပိုင်း ၁၈

722 76 21
                                    

Unicode

💔

           ရှက်တဲ့ ဒေါသရယ် Hyuckie ကို လွမ်းတဲ့စိတ်ရယ်ကြား ကျွန်တော် အသိစိတ်မဲ့ခဲ့သည် ။ Hyuckie ကို ဘယ်သူမှ နာကျင်အောင် လုပ်လို့မရဘူးဆိုပြီး ကျွန်တော်ကိုယ်တိုင်ကပဲ နာကျင်အောင် လုပ်ခဲ့မိပြီ ။

           ကျွန်တော် လွှတ်ပေးလိုက်‌တော့ Hyuckie လက်‌ ကောက်ဝတ်မှာ အတန်ကြာ ဆုပ်ကိုင်ခံထားရသည့် ကျွန်တော့်လက်ရာ ထင်ကျန်နေခဲ့သည် ။ သူ့ခန္ဓာကိုယ်က အမှတ်အသားတွေက ကျွန်တော် သူ့ကို ရက်စက်ခဲ့တယ်ဆိုတဲ့ သက်သေတွေပင် ။ သွေးမရှိတော့သလို နှုတ်ခမ်းဖျော့ဖျော့လေးတွေက Hyuckie အားနည်းနေကြောင်း ပြတဲ့ လက္ခဏာတွေ ဖြစ်သည် ။
  
        Hyuckie ကြမ်းပြင်မှာ ကျနေသည့် သူ့အဝတ်တွေ ကောက်ကာ ပြန်ဝတ်နေ၏ ။ သူ ကျွန်တော့်ကို ဘယ်မြင်ချင်တော့မလဲ ။ မျက်ဝန်းက စီးကျနေဆဲ ဖြစ်သည့် မျက်ရည်တွေကို မြင်ရတော့ ကျွန်တော့်ရဲ့ ကွဲအက်ပြီးသား နှလုံးသားက ပိုမို နာကျင်ရသည် ။

           " Hyuckie !! ကိုကို တောင်းပန်ပါတယ် "

           ကျွန်တော့်အလှည့်တုန်းကကျ Hyuckie တောင်းပန်တာတွေ ၊ Hyuckie  မျက်ရည်တွေကို မြင်ရက်နဲ့ တမင် ကျွန်တော် လိုချင်တာကို ယူခဲ့တာ ။

           ကျွန်တော်သည်လည်း ဘောင်းဘီအမြန်ကောက်ဝတ်ကာ ထွက်သွားတော့မည့် Hyuckie ကို အမှီတားလိုက်မိသည် ။

            " ကိုကို နည်းနည်း လွတ်သွားတယ် ၊ ကိုကို့မှာ တခြားစိတ်တိုစရာတွေ ရှိနေလို့ ..!!! "

            " စိတ်တိုစရာ !! အာ့ဆို ကျွန်တော့်ကို ကိုကိုစိတ်တိုနေတာတွေ ဖြေဖျောက်ဖို့အတွက် ဖုန်းခေါ်ခဲ့တာလား ၊ ကျွန်တော့်အပေါ် အဲ့စိတ်တိုစရာတွေအကုန် ပုံချခဲ့တာလား.."

          " မဟုတ်ဘူး ကိုကို မင်းကို အရမ်းလွမ်းနေတာကြောင့် ဖြစ်သွားတာပါ ၊ ကိုယ်တောင်းပန်ပါတယ် "

          " ကျွန်တော်က ကိုကို လက်ထပ်ထားတဲ့သူနော် ၊ ကိုကို လုပ်ချင်တိုင်း လုပ်ရအောင် အရုပ်မဟုတ်ဘူး ၊ ကျွန်တော့်ဆန္ဒ ကျွန်တော့်အချစ်ကို ကိုကို လေးစားရမယ်လေ ၊ ကိုကိုပဲ ကတိပေးခဲ့ပြီး ကိုကိုပဲ အဲ့ကတိကို ချိုးဖောက်တယ် ကိုကိုက အလကား လူပဲ ..."
   
          မပြောသင့်ဘူး Hyuckie ၊ မင်းကိုယ့်ကို အလကား လူ လို့ မပြောသင့်ဘူး ။ မင်းအမေ ကိုယ့်ကို ချိုးနှိမ်ခဲ့တာနဲ့တင် ကိုယ် အခုလို လူမှန်းသူမှန်း မသိ ဖြစ်ခဲ့ရပြီးပါပြီ ။

Melancholy [ Completed ]Where stories live. Discover now