အပိုင်း ၆

866 100 0
                                    

Unicode

   
        " မင်းနာမည် ဘယ်လိုခေါ်လဲ "

        " မေးပြီး ဘာလုပ်မှာလဲ "

        " ဟိုကောင်လေး လို့ မမှတ်ထားချင်တော့လို့ပေါ့ ၊ တကယ် စကားပြောတာလည်း အချိုးမပြေဘူး "

       " လိုက်လည်း ပို့ရသေးတယ် သူများကိုလည်း အကောင်းမပြောဘူး တော်ပြီ ကိုယ့်ဘာသာ ပြန် "

       " နေပါအုံး ..၊ ရောက်တော့မှာကို "

         လက်ကို အတင်းဆွဲထားတာက ရုန်းလို့တောင်မရ ။ ခုနက ပြေးလိုက်လာတာကြောင့် တော်တော်လန့်သွားပုံရသည် ။ တစ်လမ်းလုံး စကားတွေပြောနေပေမယ့် ကျွန်တော်ကတော့ ငြိမ်ရင်း သူ့ကို ကြည့်နေမိသည် ။ အမှောင်ထဲမှာ ကြည့်တုန်းက ဘာမှမဖြစ်ပေမယ့် မီးရောင်တွေဘက် ရောက်လာတော့ တစ်မျိုး စိတ်လှုပ်ရှားနေမိ၏ ။

          ရည်ရွယ်ချက်ရှိလို့ အနားရောက်လာခဲ့ပေမယ့် မရည်ရွယ်ပဲ ကျွန်တော် သဘောကျမိသွားခဲ့ပြီ ထင်တယ် ။ အဝေးက ကြည့်နေရင်းကနေ သူ စရောက်လာခဲ့တဲ့ Mini Mart မှာ အနီးကပ်‌ တွေ့ခွင့်ရခဲ့တယ် ။ ဒါလည်း သူ သတိမထားမိခဲ့ဘူး ။ ဆေးလိပ်ဗူး မဝယ်ခင် ၊ ခုံပေါ်က ပြုတ်ကျတဲ့ သူ့ကိုယ်ကို မဖမ်းခင် ကျွန်တော် သူ့ဆီ သုံးကြိမ်တိတိ ဈေးဝယ်ဖူးပြီး လေးခါလောက် ဆိုင်မှာ ထိုင်ခဲ့တာကိုလည်း သူ သတိမထားမိခဲ့။

         အမှန်တော့ ကျွန်တော် ဆေးလိပ်တွေကို စွဲလမ်းလို့ သောက်နေတာ မဟုတ်ဘူး ။ ဆေးလိပ်တွေကို မုန်းတယ်လို့ ပြောတဲ့ အစ်ကို့စကားကို ကြားခဲ့လို့ စွဲလမ်း‌ နေမိတဲ့ သူအတွက် ဆေးလိပ် စ သောက်ခဲ့တာ အစ်ကို ။

          " ရပြီ ဒီထိပဲ ၊ လိုက်ပို့ပေးလို့ ကျေးဇူးပါ "

          တင်းတင်းဆုပ်ကိုင်ထားသည့် လက်မောင်းက လက်ကလေးလွတ်ထွက်သွားတော့ တစ်ခုခု လစ်ဟာသွားသလို ။
    
         " အင်း ၊ နောက်ခါ ကျေးဇူးပြန်ဆပ်ဖို့ မမေ့ပါနဲ့ "

        " အေးပါ သွားပြီ ၊ မင်းလည်း ဂရုစိုက်ပြန် "

        အကြိမ်ကြိမ် ငေးကြည့်ရဖူးတဲ့ နောက်ကျောလေးက ကျွန်တော် အမြတ်နိုးဆုံးဆိုတာ အစ်ကို သိလား ။ နောက်ဆုံးတော့ ကျွန်တော့်ကို အစ်ကို သတိထားမိသွားလို့ ကျေးဇူးတင်ပါတယ် ။ အစ်ကို ချစ်ရတဲ့သူနဲ့ အစ်ကို့ကို ခွဲပစ်လိုက်မယ့်သူက ကျွန်တော်ဖြစ်နေတဲ့အတွက်တော့ စိတ်မကောင်းပါဘူး ။

Melancholy [ Completed ]Where stories live. Discover now