အပိုင်း ၃

1K 115 7
                                    

Unicode

         " မာမီတို့က သဘောမတူဘူး ကိုကို ၊ ကျွန်တော်တို့ အခုလက်ထပ်ရအောင်လေ ၊ ကိုကိုနဲ့ မခွဲနိုင်ဘူး "

        အရာရာ အလိုလိုက်ပေးခဲ့လို့ ကိုကိုနဲ့ ချစ်သူတွေ ဖြစ်နေတဲ့အကြောင်း အိမ်ကို ပြောပြခဲ့သည် ။ သားရဲ့ ဆန္ဒ ၊ သားရဲ့အချစ် ၊ သားရဲ့‌ ရွေးချယ်မှုဆိုတာထက် ဒယ်ဒီရဲ့ ပထမဆုံးတော့ လက်ဝါးချက်က ပါးပေါ်မှာ အခုထိ နာကျင်နေရဆဲ ။

       " ဒယ်ဒီ သားကို ရိုက်တယ် "

       " အေး ၊ ဒီထက် အသိဉာဏ်ရှိအောင် မင်းကို ပိုရိုက်ချင်တာ ၊ ယောက်ျားချင်း ကြိုက်တယ် ဟုတ်လား ငါတို့ ဂုဏ်သိက္ခာမှ မထောက် "

       " ဒယ်ဒီ ရှေးရိုးဆန်မနေပါနဲ့တော့ ၊ အခုခေတ်က ယောက်ျားလေးချင်း ကြိုက်တာ အပြစ်မှ မဟုတ်တော့ပဲ  "

        " ထပ်ပြောစမ်း ထပ်ပြောစမ်း "

        ခေါင်းပေါ် ရောက်လာသည့် လက်သီးချက်တွေကို ငုံ့ခံရင်း အဲ့တုန်းကတော့ အချစ်သူရဲကောင်းကြီး ဖြစ်ခဲ့ပါတယ် ။

         " လက်မပါ ပါနဲ့တော့ သားကို နားလည်အောင် ပြောပါရှင် "

          မာမီက ဒယ်ဒီ့ကို ဆွဲထားတာတောင် ကျွန်တော်က ဒယ်ဒီ့ကို စကားလုံးတွေနဲ့ စိန်ခေါ်ခဲ့သေးတာ ။ ပထမဆုံး ရိုက်ခံရဖူးတာရယ် ပထမဆုံး အချစ်ကို ပျက်ရယ်ပြုခံရတာရယ် ကြောင့် ကျွန်တော် အထိန်းချုပ်မဲ့နေခဲ့သည် ။

          " မာမီတို့ မင်းကို အများကြီး မျှော်မှန်းထားတယ် သား ၊ အဲ့ကောင်လေးကြောင့်နဲ့တော့ အပျက်စီးမခံနိုင်ဘူး ၊ မာမီတို့ မင်းကို မင်းဦးလေးဆီ ပို့ရမလား အဆက်သွယ် ဖြတ်မလား "

         " မာမီတို့ မတရားဘူးနော် ၊ သားတို့ ချစ်တာက ဘာဖြစ်နေလို့လဲ  "

        " မင်း အသက်ဘယ်လောက်ရှိသေးလို့လဲ ၊ မင်း လောကကြီး အကြောင်း မသိပါဘူး ၊ မင်းတို့အချစ်ကို 70% က လက်ခံကြတယ်ဆိုရင်တောင် ကျန်တဲ့ 30% အတွက် မင်း ခံစားနေရလိမ့်မယ် မင်း နာကျင်ရလိမ့်မယ် "

         " သား ခလေး မဟုတ်တော့ဘူး ၊ သားရွေးချယ်မှုအတွက် သား နောင်တမရဘူး ၊ ကိုကိုက မာမီတို့ မျှော်မှန်းထားတဲ့ အသိုင်းဝိုင်းက မဟုတ်လို့ လက်မခံနိုင်တာမလား "

Melancholy [ Completed ]Where stories live. Discover now