Unicode
♥
" သိချင်တာ ရှိသေးလား "
" မင်း ..မဖြစ်နိုင်တာတွေ လျှောက်ပြောလို့ ၊ မသိချင် .!!!! "
" အောက်မှာ ရေဗွက်အိုင် သတိထား !!!! "
***ဘိုင်းးးး ***
" အား ...သေပါပြီ .."
သတိပေးလို့ မဆုံးခင်မှာပဲ ဆိုင်တစ်ခုဆီက စီးကျထွန်းအိုင်နေသည့် ရေကွက်ကို ဖြတ်လျှောက်သည့် Donghyuck တစ်ယောက် ချော်လဲတော့သည် ။ တစောင်းချော်သွားတာမို့ လက်ပါ ထောက်မိပြီး ဒူးခေါင်းနှင့် ခြေသလုံး တစ်ခြမ်း အီစလံဝေသွားသည် ။
" အားးးး နာလိုက်တာ "
" အောက်ကို မကြည့်ပဲ ဘေးလှည့်ထားတာကို မျက်နှာက ...!!! ထ လို့ရလား "
SungChan က ကျွန်တော့်ကို လာထူတော့ ရှက်လည်းရှက် နာလည်းနာ နှင့် ထ လိုက်ရသည် ။ ခြေထောက်က ထော့နဲ့ ထော့နဲ့ ဖြစ်ပြီး လမ်းကောင်းကောင်း လျှောက်နိုင်မည့်ပုံမပေါ် ။ထောက်မိလိုက်သည့် လက်က ဘယ်လက်မို့ သက်သာသွားသည် ။ ညာဘက်ဆို နောက်တစ်ပတ်ကျရင် စာမေးပွဲ ဖြေရမှာ အဆင်မပြေ ။
" ဘယ်လိုလုပ်မလဲ ၊ အိမ်ကကားကို *Heaven Cafe* ကို လာကြိုလို့ ပြောထားတာ အဲ့ထိတောင် မရောက်သေးဘူး ..၊ အစ်ကို လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး ကျွန်တော် ကုန်းပိုးသွားမယ် "
" ဟာ ..မဟုတ်တာ ရပါတယ် ငါ လမ်းလျှောက်လို့ ..."
" မရပါဘူးဆို ၊ အခုသွေးပူနေတုန်းမို့ ရရင်ရလိမ့်မယ် ၊ ပြီးမှ ခံနေရမယ်နော် ၊ တက် ကျွန်တော့်ကျောပေါ် "
" မင်းက အခုမှ နေကောင်းပျောက်ခါစကို ၊ ငါ့ကို ကျောပိုးလို့ရပါ့မလား .."
" ရပါတယ်ဆို .."
သူ့ကျောပေါ် တက်လို့ရအောင် ကျွန်တော့်ရှေ့ ထိုင်ချလာသည့် SungChan ကျောပေါ် အားနာနာနှင့်ပင် တက်လိုက်ရသည် ။
* Heaven Cafe * ကို ကျောပိုးပြီး ခေါ်လာတော့ လမ်းက ဖြတ်သွားဖြတ်လာတွေက ကျွန်တော့်တို့ကို ကွက်ကြည့် ကွက်ကြည့်နှင့်မို့ နေရခက်နေမိသည် ။
YOU ARE READING
Melancholy [ Completed ]