အပိုင်း ၄

1K 105 2
                                    

Unicode

        လည်တိုင်စီ နစ်ဝင်နေသည့် ကိုကို့သွားစွယ်လေးတွေကြောင့် အသံမထွက်မိအောင် မနည်းကြိုးစားထိန်းနေရသည် ။ ပါးလွန်းသည့် နံရံတွေက အပ်ကျသံတောင် ကြားနိုင်တော့မို့ ဆင်ခြင်ရမယ် မဟုတ်လား ။
 
        နှုတ်ခမ်းဆီရောက်လာသည့် ကိုကို့ရဲ့ ပြင်သစ်အနမ်းရယ်က ရိုးသွားတယ်လို့ မရှိ ။ ကိုကို့လည်ဂုတ်ကို တွယ်ချိတ်ထားပြီး ပုံဖော်ခဲ့သည့် အနမ်းတွေက တစ်နေ့တာ ခံစားခဲ့ရသည့် စိတ်ညစ်စရာတွေကို ပျောက်ကင်းနိုင်သည့် ဆေးစွမ်းကောင်းလေးလိုပင် ။ ချစ်တယ် အဲ့တာကြောင့်လည်း မျက်စိစုံမှိုတ်ပြီး ကိုကို့နောက် လိုက်ခဲ့တာ ။

        အင်္ကျီအောက်ထဲ လျှိုဝင်လာသည့် လက်ချောင်းတွေကြောင့် အမြန် နမ်းနေရာက ရပ် တန့် လိုက်သည် ။ နွေးထွေးသည့် ကိုကို့ရဲ့ နှုတ်ခမ်းတွေ အခွာမှာတော့ ကျွန်တော့်နှုတ်ခမ်းသားတွေဟာ စိုစွတ်၍ ကျန်ခဲ့သည် ။

     " ကိုကြီး Taeyong တို့ ရှိတယ်လေ ၊ မဖြစ်ဘူး "

        နှုတ်ခမ်းပါးပါးလေးတွေကို မထော်တထော်လုပ်ပြပြီး သူ့ရင်ဘတ်ကို တွန်းထားတဲ့ ကျွန်တော့်လက်ကို ယူကာ လက်ဖဝါးကို နမ်း‌သည် ။ ဒါက သူ ရှေ့ဆက်ချင်ကြောင်း ပြောတဲ့ ကျွန်တော်တို့နှစ်ကိုယ်ကြား နားလည်နိုင်မယ့် body language လေးပေါ့ ။

        " မရဘူး ၊ Jeno လည်း အပေါ်ထပ် ရောက်နေပြီ ၊ မကြာခင် မေမေတို့လည်း ပြန်လာတော့မှာ "

      " အာ့ဆို ရေချိုးရအောင် "

      " ကျွန်တော် ချိုးပြီးပြီ "

      " ကိုကို့တံတွေးတွေနဲ့ Hyuckie က ညစ်ပတ်နေပြီ ပြန်ချိုးရအောင် နော် ..နော် "

       လက်ခံကြောင်း ခေါင်းတောင်မငြိမ့်ရသေးဘူး ပွေ့ချီသွားတဲ့ ဒီလူကြီးက ဇွတ် ။

        " အခန်းတံခါးလည်း ပိတ်ထားတယ် ၊ ရေလည်း ဖွင့်ထားတယ် အဆင်ပြေလောက်ပြီ မလား "

       " သဝါးးးး အာလူးကြီးး "

       " ဟင်းဟင်းးးဟင်းးး"


    
       " ကလေးတို့ အမေ ငါးက ဘာဖြစ်တာလဲ "

       " တော့်သမက်လေး လက်ချက်ပေါ့ "

Melancholy [ Completed ]Where stories live. Discover now