အပိုင်း ၁၀

797 84 13
                                    

Unicode

         ကားကြီးနဲ့ အကုန်စုသွားမှာမို့ ကုမ္ပဏီရှေ့ လူစုနေကြချိန်ဖြစ်သည် ။

         " ရော့ ..သောက်အုံး "

         ကမ်းပေးလာသည့် ဆေးနှင့် ရေဗူးကို လှမ်းကြည့်လိုက်မိသည် ။ ဆေးဆို ဘယ်ဆေးမှ မသောက်ချင်တဲ့ ကျွန်တော့်ကို ကိုကိုကပဲ ဂရုတစိုက် စောင့်ကြည့်ပြီး တိုက်ပေးလေ့ရှိသည် ။

        " ကားမူးပျောက်တဲ့ဆေး ၊ မသောက်လို့ မရဘူး "

        " ဟင်းးးး "

         " ပါးစပ် ..ဟ  .."

         ပါးစပ်ဟပေးတော့ ဆေးပြားသေးသေးလေးကို လျှာပေါ်တင်ပေးပြီး ရေတိုက်လေသည် ။ မျက်နှာက ရှုံ့မဲ့နေတော့ ထွေးထုတ်မလား စိုးရိမ်ပြီး ကြည့်နေတဲ့ ကိုကိုက ချစ်ဖို့ကောင်းသည် ။

         " Yaaaa Mark !! မင်းတို့နှစ်ယောက်ကို ကားပေါ်မှာ အတူလိုက်ခိုင်းလို့ ဖြစ်ပါ့မလား ၊ မင်းတို့လုပ်တာကြောင့် ကားပေါ်က FA တွေ ကမ်းခြေ မရောက်ပဲ ကားပေါ်မှာပဲတင် အထီးကျန်လို့ သေသွားလိမ့်မယ် .."

           ကိုကို့လုပ်ဖော်ကိုင်ဖက်ထဲက အသံအားကောင်းကောင်းနဲ့ တစ်ယောက်က လှမ်းစတော့ ကျွန်တော့်မှာ မျက်နှာတွေ ပူရှိန်းတက်လာရသည် ။

           " Lucas !! ငါရေဗူးနဲ့ လှမ်းပစ်လိုက်ရ ၊ စ မနေနဲ့ ဒီမှာ ရှက်နေပြီ .."

         " နောမူးlonely နေတဲ့ကြားက ရေဗူးစာမိမယ့် ငါ့အဖြစ်ပါ့လား နောမူး အဖြစ်ဆိုးလိုက်တာ "

                          ..............................

         ကားစထွက်သည်နှင့် တအိအိနှင့် နေထိုင်မကောင်းချင်တော့ ၊ တစ်သက်နဲ့ တစ်ကိုယ် ဒီကားကြီးမှ မစီးခဲ့ပဲ ။ ကျောင်းလေ့လာရေးခရီးတွေ ရှိခဲ့ရင်တောင် အိမ်က ကားနဲ့ပဲ လိုက်ခဲ့တာချည်း မဟုတ်လား ။

           " မူးနေပြီလား "

           ကိုကိုက မှန်ဘက်ကြည့်နေတဲ့ ခေါင်းကို အသာ ဆွဲယူကာ သူ့ပခုံးပေါ် မှီစေသည် ။ ကား အဲကွန်းနံ့ က အေးလည်းအေးသလို လူကို ပိုပြီး မအီမသာ ဖြစ်စေသည် ။
ခရီး ဘယ်လောက်မှ မတွင်သေးပေမယ့် လူက တော်တော်ပင် နုံးလာတော့သည် ။ မျက်လုံးမှိတ်ထားရင်း ကိုကို့ရင်ငွေ့ နွေးနွေးလေးနဲ့သာ မှိန်းနေလိုက်သည် ။

Melancholy [ Completed ]Where stories live. Discover now