Unicode
ခဏခဏ မျက်ရည်ပူတွေ ပြည့်ပြီး နာကျင်နေသည့် မျက်ဝန်းတွေက အိပ်ပျော်ဖို့ရန် ခက်ခဲနေသည် ။ ထို့အတူ စူးစူးနစ်နစ် နာကျင်နေသည့် နှလုံးသားတစ်စုံက တိတ်ဆိတ်သည့် ညသန်းခေါင်ယံမှာ ကူကယ်ရာမဲ့နေခဲ့ပြီ ။
SungChan ကို လွမ်းတယ် သတိရတယ် ၊ ကျွန်တော် ဒီလို နာကျင်မှုတွေ ရှိလာတိုင်း သူ့ရင်ခွင်ထဲ တိုးဝင်လိုက်ရင် ပျောက်သွားတက်လို့ အခု သူ့ ရင်ခွင်ကို ကျွန်တော် လိုအပ်နေတယ် ...။
** ငါ အခု ညဈေးတန်းမှာ တွေ့လိုက်တဲ့ ကလေးလေးနဲ့ အတူရှိနေတာ ပြီးတော့ အရင်ကအကြောင်းတွေ ပြန်မှတ်မိပြီ ထင်တယ် Chan ..**
** Lee Mark ကော ရှိနေတာလား .!? **
MinHyuck လေး လမ်းပျောက်သွားတုန်းက ရဲစခန်းမှာ Lee Mark လာမခေါ်ခင် SungChan နှင့် ဖုန်းပြောသည့် အချိန် ...။
[ အဲ့နေရာမှာ DoCheng အစက်ကလေး သုံးစက် ခြားပေးခဲ့တယ်နော် အခု အဲ့နေရာ နောက်ကြောင်းပြန်တာ ]** Lee Mark က ဘာလို့လဲ ..!? **
** Lee Mark သူ Seoul ကို ပြန်ရောက်နေပြီဆိုတာ သိတော့ အစ်ကို့ထက် အရင် အစ်ကို့ မာမီ သူ့ဆီ သွားခဲ့တယ် ၊ ကျွန်တော်တို့ လက်ထပ်တော့မယ့် အကြောင်း ပြောပြပြီး ကလေး ကိစ္စ လိမ်ခဲ့ကြတာ ..!! ပြီးတော့ Lily က ကျွန်တော့် ညီမ ဝမ်းကွဲပါ ×××××××
××××× တောင်းပန်ပါတယ် Lily ကိစ္စရော အခု ကလေးကိစ္စရော ကျွန်တော် နောက်ကျမှ သိပြီး မပြောပြနိုင်ခဲ့လို့ !! **** Lily ..!?? ကလေးး ..!! အဲ့တာဆို အခု ..ကလေးက ..**
သူ ထိုင်ခိုင်းထားသည့် ခုံတန်းလျားလေးမှာ ငြိမ်ငြိမ်လေးထိုင်ကာ ခြေထောက်လေးတွေ လှုပ်ရမ်းဆော့နေသည့် MinHyuck လေးကို လှမ်းကြည့်မိသည် ။ ရင်ဝက စို့တက်လာသည့် ဝမ်းနည်းမှုကြောင့် အသံထွက်မငိုမိခင် ပါးစပ်ကို လက်တို့ဖြင့် အမြန်အုပ်လိုက်၏ ။
** အင်း အဲ့တာ အစ်ကို့သားလေးပဲ **
SungChan သာ မပြောပြရင် သူမှတ်မိထားတဲ့ အတိတ်အတိုင်း Lee Mark က ဖောက်ပြန်တက်တဲ့ ယောက်ျား တစ်ယောက် အနေနဲ့သာ သူ ယုံကြည်နေအုံးမှာပင် ။ ပြီးတော့ ဝမ်းနည်းသတိရကြောင်းသာ ရေးထားသည့် ကျောက်တိုင်အဖြူလေးအောက်မှာ သူ့သားလေး လဲလျောင်းနေတယ်လို့ပေါ့ ...။
YOU ARE READING
Melancholy [ Completed ]