အပိုင်း ၁၃

678 70 0
                                    

Unicode

           " မင်း ဘယ်သူလဲ "

          ကျွန်တော့်အမေးကို မဖြေနိုင်ပဲ ရုတ်တရက်ကြောင်နေသည့် ထိုကောင်လေးက ကျွန်တော် ထင်နေတဲ့သူ ဟုတ် မဟုတ် စစ်ဆေးဖို့ လိုအပ်သည် ။
 
           157 နောက်ပိတ်နဲ့ မှတ်ရလွယ်သည့် မာမီရဲ့ ဖုန်းနံပါတ်ကို မှတ်မိဖို့ ကျွန်တော့်အတွက် မခဲရင်းပါ ။ အဲ့တာအပြင် ဖုန်းကိုင်လိုက်တုန်းက ကြားလိုက်ရသည့် မာမီ့အသံ ။ သေချာတယ် ဒီကောင်လေးက မာမီတို့ မွေးစားလိုက်တဲ့ ကောင်လေး ပဲ ဆိုတာ ။

          " မင်း ဟုတ်တယ်မလား ငါ့မာမီတို့မွေးစားလိုက်တယ်ဆိုတာ ၊ ငါ့ကိုလည်း သူတို့သားမှန်း သိနေတယ်မလား ... "

           " ခုနက အန်တီ ဖုန်းဆက်တာလား "

           " ငါမေးတာပဲ ဖြေစမ်းပါ မင်းဘယ်သူလဲ ၊ ဘာလို့ ငါ့နား ချဉ်းကပ်လာတာလဲ "

           ငယ်ငယ်လေးကတည်းက မာမီ့အချစ်တွေ တခြားသူကို ခွဲပေးရမှာ မလိုလား တဲ့ ကျွန်တော် ၊ သူငယ်ချင်းတွေဆီက မာမီ သားတစ်ယောက် မွေးစားလိုက်ပြီဆိုတာ ကြားရတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ ဆိုပြီး မငိုမိအောင် ထိန်းထားခဲ့ရတဲ့ ကျွန်တော် ။ သားတစ်ယောက်ရဲ့ ရပိုင်ခွင့် တွေ ဆုံးရှုံးသွားတာထက် မာမီတို့နဲ့ လုံးဝ ယတိပြတ် ဖြစ်သွားရတာကို ညတိုင်း တွေးမိပြီး မျက်ရည်ကျနေရတဲ့ ကျွန်တော် ၊ ကျွန်တော့်ဆီက အရာအားလုံးကို ပိုင်ဆိုင်သွားသည့် ကောင်လေးရှေ့ မှာပင် ကျွန်တော့်ရဲ့ ပျော့ညံ့တဲ့ ဒီမျက်ရည်တွေ ကျဆင်းလာခဲ့သည်။

           " ဘာလဲ အခုမှ နောင်တရပြီး အန်တီတို့ဆီ ပြန်လာချင်နေပြီလား ...."

           " မင်းသိနေခဲ့တယ်မလား ၊ ငါက မာမီရဲ့သား ဆိုတာ ၊ ပြောစမ်းပါအုံး ငါ့အနားမှာ ဘာလို့ ရှိနေတာလဲ "

           " အန်တီက အစ်ကို့ကို စောင့်ကြည့်ပေးဖို့ မှာထားလို့ ...."

           " ဘာ !!!? စောင့်ကြည့်ဖို့ ..ဘာအတွက် စောင့်ကြည့်မှာလဲ !?? မာမီ့ကို စောင့်ကြည့်ဖို့ မလိုဘူးလို့ ပြန်ပြောလိုက် ၊ တစ်သက်လုံး ပြန်လာမှာ မဟုတ်လို့ သားအသစ်နဲ့ပဲ အေးအေးဆေးဆေး နေပါလို့ .."

Melancholy [ Completed ]Where stories live. Discover now