Unicode
♥အခန်းတံခါးကို ဝုန်းခနဲ ဖွင့်လိုက်မိသည် ။ Hyuckie လေး ရှိမနေ ။
" Hyuckie .!! ခလေး "
ဒီအခန်းကလွဲရင် ဘယ်မှာမှ ရှိနိုင်မှာ မဟုတ်တဲ့အတွက် ရေချိုးခန်းကို ဦးတည်လိုက်သည် ။
" Hyuckie !!!!! "
" အ ..ဘာလို့ ဝင်လာတာလဲ "
အပေါ်ပိုင်း အင်္ကျီချွတ်ထားတာကြောင့် မလုံမလဲ လက်လေးတွေနှင့် ရင်ဘတ်ကို ကာထား၏ ။ ကျွန်တော် အာရုံရောက်မိသည်က သူ့ရင်ဘတ်ပေါ် မဟုတ်ပဲ လက်မောင်းပေါ် က ထင်းနေသည့် အရှိုးရာလေး ။
" ဘာလို့လဲ ..ဘာလို့ ကိုကို့ကို ဒီဒဏ်ရာအကြောင်း မပြောပြတာလဲ "
" ကျွန်တော် ပြောပြချိန်ရခဲ့လို့လား !?? ပြန်ရောက်ပါပြီဆိုကတည်းက ကျွန်တော့်ကို အရေးမပါတဲ့ မေးခွန်းတွေ မေးပြီး အရင်စိတ်ဆိုးနေခဲ့တာလေ "
ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နားရွက်ဖျားလေးတွေကို မွတ်သိပ်စွာ အကြိမ်ကြိမ် နမ်းလိုက်မိသည် ။ ကျွန်တော် ဒီခလေးကို ဘယ်လိုတောင် တောင်းပန်ရတော့မလဲ ။
" တောင်းပန်ပါတယ် ကိုကို့ သဝန်တိုမှုတွေကို ရှေ့တန်းတင်ခဲ့မိလို့ .."
" အားးး သိပြီမလို့ လွှတ်တော့ အသက်ရှုကြပ်လာပြီ "
တင်းနေအောင် ဖက်ထားမိသည့် ကိုယ်လေးကို ခလေး ဒီထက် အသက်ရှုမကြပ်ခင် လွှတ်ပေးလိုက်ရသည် ။ အရှိုးရာ နီနီလေးကို ကြည့်ပြီး စိတ်ထဲ မကောင်း ။ ကာကွယ်ပေးဖို့ ဆိုတာထက် ကျွန်တော်က စိတ်ဒုက္ခတွေ ပေးနေခဲ့မိတာ ။
" ဆေးဗူး မရှာချင်လို့ Nature Republic ရှားစောင်းလက်ပက် လူးမယ်ဆိုပြီး နှိုက်တာ လက်သည်းက ရှည်နေတော့ လက်သည်းကြားထဲ ဝင်ဝင်နေတာ မနေတက်ဘူး ၊ အဲ့တာနဲ့ လက်နာနေတဲ့ကြားထဲက ကြိုးစားညှပ်နေရတာ Jeno ကူညှပ်ပေးလို့ အဆင်ပြေသွားတယ်လေ ၊ ကိုကို့ကို သဝန်တိုစေဖို့ မရည်ရွယ်ပါဘူး .."
" ဟုတ်ပါပြီ ခလေးရယ် ..၊ ကိုကို့ကို ရှင်းပြစရာ မလိုပါဘူး .."
ရိုက်မိထားတဲ့ နေရာက ယောင်ပြီးဖောင်းနေလို့ ဆေးအမြန် လူးပေးလိုက်ရသည် ။ တစ်ခါတစ်လေကျရင် ဒီကောင်လေး အပြစ်ကင်းစင်မှုက ကျွန်တော်နဲ့တောင် မထိုက်တန်ဘူးလို့ ခံစားမိသည် အထိ ။
YOU ARE READING
Melancholy [ Completed ]