အပိုင်း ၂၂

608 62 0
                                    

Unicode

         " ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ ၊ ငါ့နားကလည်း ထွက်မသွားနဲ့ "

         ရုတ်တရက် ဖုန်းမီးပိတ်မိသွားတာကြောင့် အမှောင်ကျသွားသည်နှင့် ကျွန်တော့်လည်ပင်းတွေကို ဖက်တွယ်လာကာ ရင်ခွင်ထဲ ပိုမို တိုးဝင်လာသည် ။

        " ကျွန်တော် ဘယ်မှ မသွားပါဘူး အစ်ကို့အနားမှာ အမြဲ တမ်း ရှိပေးပါ့မယ် "

         " ငါမင်းနဲ့ ပြန်မတွေ့ရတော့မှာ ကြောက်နေခဲ့တာ ၊ မင်းကိုလည်း အရမ်းစိတ်ဆိုးနေတာ ငါ့ကို တစ်ယောက်တည်း ပြန်လွှတ်ခဲ့လို့ ၊ ငါ့ထက် သူငယ်ချင်း အသစ်တွေကို အရေးပေးခဲ့လို့ .."

         " အဲ့အကြောင်းတွေ ပြန်မတွေးပါနဲ့ဆို "

         " မင်းအနားမှာ ငါတစ်ယောက်ပဲ ရှိချင်ခဲ့တာ "

         ကျွန်တော့်အနားမှာလည်း အစ်ကို့တစ်ယောက် တည်းကိုပဲ လိုအပ်ခဲ့တာပါ ။ ပခုံးသေးသေးလေးတွေကို တင်းကြပ်နေအောင် ဖက်ပြီး ရေစိုနေသည့် ဆံပင်လေးတွေကို ဖွဖွက‌လေး ခိုးနမ်းလိုက်မိသည် ။ စိတ်မဆိုးလောက်ဘူးမလား ။

                            .........................

            " သား သူတို့ကို မှတ်မိလား "

            သူ့ရှေ့မှာ ထိုင်နေသည့် RenJun နှင့် Jaemin ကို ကြည့်ပြီး ခေါင်းခါပြ၏ ။
   
            " RenJun နဲ့ Jaemin လေ ၊ သား သူငယ်ချင်းတွေ သူတို့က ၊ ကျောင်းအတူတူတက်ခဲ့ကြတာ "

           " ဟုတ်တယ် Dong အဲ ..Haechan ရဲ့ "

           Hyuckie မာမီရဲ့ တောင်းဆိုချက်အရ နေသားမကျသေးတဲ့ နာမည်တစ်ခုကို RenJun က ခဏခဏပြင်ခေါ်နေရသည် ။

         " မင်း အတန်းကို စရောက်တုန်းက ငါတို့သုံးယောက်က ရှေ့ဆင့်နောက်ဆင့် ထိုင်ကြတာလေကွာ ၊ စာအတူတူလည်း ကျက်ကြသလို ဘတ်စကတ်‌ဘော အသင်းကိုလည်း အတူဝင်ခဲ့ကြတာလေ "

         Jaemin ပြောသမျှကို အခုမှကြားဖူးသည့်အကြောင်းအရာလို ငြိမ်ပြီး နားထောင်နေလေသည် ။

        " ငါတို့ ကျောင်းဆင်းရင် ဂိမ်းဆိုင်သွားကြတာကော မှတ်မိလား ၊ မင်း နေကောင်းရင် အဲ့ကိုထပ်သွားကြမလား "

Melancholy [ Completed ]Where stories live. Discover now