Unicode
♥
ကိုယ်ကြိုက်တဲ့သူနဲ့ မတွဲရဘူးဆိုလို့ အထွန့်မတက်ပဲ သွားနှိုက်လာခဲ့သည့် မဲလိပ်က အဝါနုရောင်လေး ။ ဘာလို့ တစ်ယောက်ခြားလဲ စိတ်ပျက်ဖို့ ကောင်းလိုက်တာ ၊ အစကတည်းက ကျွန်တော်က ကံမကောင်းတက်လို့ Hyuckie နာမည် ပါသည့် မဲလိပ်လေး မရနိုင်မှန်း ထင်ခဲ့သည် ။ တကယ်လည်း ထင်ခဲ့သည့် အတိုင်းပါပဲ ။အခုချိန်မှာ ပြုံးပြုံးကြီး ထိုင်နေသည့် Lucas ကိုသာ ပြေးပြေးပြီး ထုပလိုက်ချင်သည် ။ ဘာလို့ သူ့နာမည် ရတာလဲ ။
" ကိုကို !! ဘယ်သူနဲ့လဲ "
" Lucas နဲ့ .."
Lucas ကို မျက်စောင်းထိုးရင်း ပြန်ဖြေတော့ Hyuckie က ထရယ်လေသည် ။
" နည်းနည်းလေး ပြုံးပါအုံး ကိုကိုရဲ့ ၊ အတူမကျလည်း ဘာမှ မဖြစ်ပါဘူး .."
" ဟေးးးး Mark !! ဘယ်သူနဲ့ ကျတာလဲ "
Lucas က ပခုံးလာဖက်ပြီး စာရွက်လိပ်ကို ယူကြည့်လေသည် ။
" ငါနဲ့ ကျတာပဲ ၊ ပျော်လိုက်တော့ ငါက ဂိမ်းဆော့တာ တော်တယ် .."
" မင်းနဲ့ မတွဲချင်ဘူး ၊ လုပ်ပါအုံး Hyuckie ဟာ ဘယ်သူရတာလဲ ကူရှာပေးပါအုံး မင်းနဲ့ လဲချင်လို့ "
" ဪ ..မတွဲချင်ဘူးလည်း အပြောခံရသေးတယ် ၊ လဲမယ့်လူကိုလည်း ကူရှာပေးရအုံးမယ် ၊ တော်တော်ကောင်းတဲ့ သူငယ်ချင်း "
" ကဲ ..အားလုံးပဲ ကိုယ့်လူကို သိပြီလား ၊ တွဲပြီးကြပြီလား ..."
အတွင်းရေးမှူး အစ်မကြီး လှမ်းအော်တော့ ကျွန်တော်တို့ ရှေ့ ရောက်လာသည့် ကောင်လေး ။
" မင်း Hyuckie နဲ့ ကျတာလား ၊ ငါ့ကို မဲလိပ် လဲပေးလို့ ရမလား .."
သူကိုင်ထားသည့် စာရွက်အပြာလေးမှာ ဘယ်သူ့နာမည် ရေးထားလဲ မမြင်ရပေမယ့် လဲဖို့ လောနေသည့် ကျွန်တော်က စကား စ လိုက်သည် ။
" ပျော်ဖို့ကောင်းအောင် ကိုယ့်မဲလိပ်နဲ့ ကိုယ်ပဲ ဆော့ကြရမယ် ၊ ခုနကလည်း ဟိုအစ်မ ပြောတယ်မလား "
YOU ARE READING
Melancholy [ Completed ]