Unicode
" သားကို ကျွန်တော်ခဏ ခေါ်ပြီး စောင့်ရှောက်ချင်တယ် ကိုကို !! "
ကျွန်တော့်ကို စိုက်ကြည့်နေသည့် မျက်ဝန်းအေးစက်စက်တို့တွင် ဒေါသအရိပ်ယောင်တို့ ဖြတ်ပြေးသွား၏ ။ ကျွန်တော် တစ်ကိုယ်ကောင်းဆန်တယ်လို့ ကိုကို တွေးနေမှာ ကျွန်တော် သိပါသည် ။
" ခဏ !?? သားကို မင်းမွေးခဲ့တာလို့ ပေးသိပြီး ခဏ ခေါ်ထားမယ် ပြီးရင် ငါ့ဆီပြန်ပေးပြီး မင်းတို့က လက်ထပ်မယ် အဲ့လိုလား Hyuckie !? "
SungChan နဲ့ တိုင်ပင်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ လက်ထပ်မယ့် ကိစ္စ တစ်လ နောက်ဆုတ်သွားခဲ့သည် ။ ထိုအချိန်တစ်လတွင် ကျွန်တော်က သားလေးနဲ့ အတူနေပြီး ကျွန်တော်ပေးချင်သည့် မေတ္တာတစ်ချို့ ပေးနိုင်ဖို့ မျှော်လင့်မိပါ၏ ။
" မင်းက သူတောင့်တနေတဲ့ မာမီမှန်းသိရင် အဲ့အချိန်တစ်လနဲ့ သားကရောင့်ရဲမယ် ထင်လို့လား !? သားလေးက အခုမှ ၅ နှစ်အရွယ်လေးပဲ ရှိသေးတာ သူ့ခံစားချက်တွေကို ခဏဆိုတဲ့ အချိန်နဲ့ အရူး မလုပ်ချင်ပါနဲ့ "
" အဲ့အချိန်တစ်လပြီးရင် ကျွန်တော်တို့နှစ်ယောက်ထဲက ဘယ်သူ့ဆီမှာ နေချင်လဲ သားကို ရွေးခိုင်းမယ် ပြီးရင် .."
" မင်းငါ့ဆီက ထွက်သွားရတာ အားမရလို့ အခု သားကိုပါ ငါ့ဘဝထဲက ဆွဲထုတ်ဖို့ လုပ်နေတာလား ? ၊ ဘာအချိန်တစ်လမှလည်း ရှိလာမှာမဟုတ်သလို မင်းနဲ့သားရဲ့ ပတ်သက်မှုကိုလည်း သားကို အသိခံမှာ မဟုတ်ဘူး Hyuckie !! "
" ကိုကို MinHyuck လေးကို အချိန်ပေးပြီး ဂရုစိုက်နိုင်တာလည်း မဟုတ်ပဲနဲ့ ကျွန်တော့်ကို ပေးလိုက်တာက သားအတွက် ပိုကောင်းမှာပါ !! "
" မင်း ငါ့အတွက် မစဉ်းစားပေးတော့ဘူးလား !? "
ကျွန်တော့်မှာ စဉ်းစားပေးစရာ လူတွေ များနေတယ် ကိုကို....။ ကျွန်တော့်ကို သိပ်ချစ်တဲ့ SungChan ၊ ပြီးတော့ ကျွန်တော့်မေတ္တာတွေ လိုအပ်နေတဲ့ သားလေး ..။ ကျွန်တော် ဖြစ်ချင်တာတွေပဲ တောင်းဆိုနေမိလို့ ကိုကို့ကို အားနာပါတယ် ။
YOU ARE READING
Melancholy [ Completed ]