အပိုင်း ၁၉

660 64 3
                                    

Unicode

         " တံခါးဖွင့်ပေးပါ !!! ကိုကို !!! "

         အခန်းတံခါးကို အပြင်ဘက်ကနေ လော့ချလိုက်ပြီး Hyuckie ကို အထဲမှာ ပိတ်ထားလိုက်သည် ။ တံခါးကို တဒုန်းဒုန်း ထုရိုက်နေလို့ နာမှာစိုးပေမယ့် မနေ့ကလို ကိစ္စမျိုး ထပ်အဖြစ်မခံနိုင်တော့ပေ ။

       စာမေးပွဲရှိနေလို့ ဆိုသည့် အကြောင်းပြချက်နှင့် ဆေးရုံက ဆင်းတော့ သူ့အမေအိမ်မှာ ဆက်နေခွင့်ပြုခဲ့သည် ။ ကလေးမွေးဖို့ ကိစ္စ ဘယ်လိုမှ ညှိနှိုင်းမရသည့်အပြင် တရားဝင်လက်ထပ်ပြီးသားဖြစ်သည့် Hyuckie ကိုတောင် ကျွန်တော်နဲ့ ဘာမှမဆိုင်သလို ခွဲထားကြသည် ။ မနေ့က ကျောင်းပိတ်ရက်မို့ Hyuckie ကို သွားခေါ်တော့ ၊ ကျွန်တော်နဲ့ ပေးမတွေ့ ။

         ပြီးမှ Hyuckie ကို ဘာကြောင့် ပေးမတွေ့လဲ သိလိုက်ရ ၏ ။ ကျွန်တော့်ကို အသိမပေးတော့ပဲ ကလေးဖျက်ချဖို့ လုပ်နေကြတယ်တဲ့ ။ Hyuckie အမေကလည်း မိခင်တစ်ယောက်ဖြစ်နေပြီး ကိုယ်ချင်းစာစိတ်မရှိ ။ ကျွန်တော့်သဘောတူညီချက် မယူပဲ စိတ်ထင်ရာလုပ်သည့် Hyuckie ကိုလည်း ကျွန်တော် နားမလည်နိုင်တော့ပေ ။

         ဘာမှ မဖွဲ့ဖြိုးသေးတဲ့ ကလေးလေးကို ထပ်ပြီး အထိခိုက်မခံနိုင်လို့ အခုလို ထိန်းသိမ်းမိတာ မှားသလား ။

         " ..ထမင်းစားရအောင် !! ပြီးရင် ဆေးသောက်ရမယ် .."

        " မစားဘူး !! "

        ကျွန်တော့်ကိုကျောပေးပြီး အိပ်နေတာမို့ ဆွဲပွေ့ကာ ထိုင်ခိုင်းလိုက်သည် ။ ငိုထားလို့ ပါးတွေ နီနေပြီး မျက်လုံးတွေ မို့နေ၏ ။

        " မစားလို့မရဘူး !! ကလေးကို ထိခိုက်အောင် လုပ် နေတာတွေက မင်းအတွက်လည်း မကောင်းဘူး သိရဲ့လား "

        " ဂရုမစိုက်ဘူး မွေးလည်းမမွေးချင်ဘူး "

        " Hyuckie !!! ကိုယ့်ကို စိတ်ဆိုးပြေပါတော့ ကလေးမဆန်ပါနဲ့တော့ကွာ " 

        " လူတစ်ယောက်ကို တိရစ္ဆာန်လို အခန်းထဲ ထည့်ပိတ်ထားတော့ စိတ်ဆိုးပြေသွားမှာ မို့လို့လား "

Melancholy [ Completed ]Where stories live. Discover now