အပိုင်း ၁၄

630 72 2
                                    

Unicode

** Flashback မှာ အရမ်း emotion ဖြစ်အောင် ရေးလိုက်ရတဲ့ အတွက် Haechan Sensitive လေးအတွက် warning ပါနော် **

" ပြန်မယ်လေ "

" သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ချင်သေးလို့ အစ်ကိုပြန်နှင့် ရတယ်မလား "

" လုပ်ပြီ !!ငါက မင်းစက်ဘီးနဲ့ လိုက်လာတာကို တစ်ယောက်တည်း ပြန်ရမှာလား "

" အာ့ဆို ဘောလုံးလာကန်လေ "

" မကန်ချင်ဘူး ၊ မင်းကန်ချင်တယ်ဆို နေခဲ့ ၊ ငါပြန်နှင့်ပြီ ...."

အဲ့နေ့က Haechan လေးက SungChan သူငယ်ချင်း အသစ်တွေ ရတာနဲ့ ပတ်သက်ပြီး သူ့ကို အရေးမလုပ်တော့လို့ စိတ်ဆိုးနေခဲ့လေသည် ။ အတူပြန်နေကျ စက်ဘီးလည်း လိုက်မစီးရသလို ထီးလည်း မပါခဲ့သည့် Haechan ကိုယ်ပေါ် မိုးရေစက်တို့က တဖြည်း ဖြည်း အရှိန်ပျင်းစွာ ကျလာ၏ ။

မိုးရွာထဲ ဘောလုံးကန်ခဲ့လို့ ပေတူး ညစ်ပတ်နေသည့် SungChan လေးက ပုံမှန်အတိုင်း အိမ်ပြန်ရောက်လာခဲ့သည် ။ အရင်ပြန်နှင့်သည့် Haechan လေးက ပေါ်မလာခဲ့သေး ။

အသက် ၆ နှစ်ကောင်လေးရဲ့ လူပျောက်ကြော်ညာစာရွက်က တစ်ပတ်အတွင်း လမ်းပေါ် တလူလူ ဖြစ်ခဲ့သည် ။ ဘာသတင်းအစ အန မှ မရသည့်အပြင် ဘာသဲလွန်စမှလည်း မတွေ့သည့် အမှုကို အားလုံးက လက်လျှော့ချင်နေပြီ ။ အိမ်အတူမပြန်ခဲ့ရလို့ သူ့ကြောင့် ဖြစ်တာပါဆိုပြီး SungChan လေးက ငိုနေဆဲ ။

၈ ရက်မြောက်နေ့ မှာ ပြန်တွေ့ခဲ့ပါတယ် ၊ ဟောင်းနွမ်းတဲ့ အိမ်ဟောင်းတစ်ခုမှာ‌ ပေါ့ ။ SungChan သာ Haechan အတန်းဖော်ရဲ့ လည်ပင်းက သူပေးထားတဲ့ နေမင်းပုံစံ ဆွဲကြိုးလေး မတွေ့ခဲ့ဘူးဆိုရင် ..အရာအားလုံးက မတွေးရဲစရာတွေချည်း ။

ရဲတွေ စစ်ဆေးမေးမြန်းပြီးတဲ့အခါမှာတော့ မိုးရွာကြီးထဲ ကျောင်းက ပြန်လာသည့် Haechan လေးကို Haechan ရဲ့ အတန်းဖော် သားအဖ က ပြန်ပေးဆွဲဖို့ ဖမ်းခေါ်ခဲ့တာ ဖြစ်ပြီး ၊ ပြီးမှ မလုပ်ရဲပဲ အိမ်ထဲ ဖမ်းထားကြောင်း ထွက်ဆိုခဲ့၏ ။ ပြန်ပေးဆွဲဖို့လည်း ဆက်မလုပ်ရဲ ပြန်လည်း မလွှတ်ပေးရဲတဲ့ ပုံစံမျိုး ဖြစ်သည် ။

ဥပဒေနဲ့ ထိထိမိမိ အရေးယူ တရားရင်ဆိုင်ပြီးတဲ့နောက်မှာတော့ ဆေးရုံမှာ သတိမေ့နေသည့် Haechan လေး နိုးလာခဲ့သည် ။ သူ့ရဲ့ ဆိုးရွားလွန်းသည့် အတိတ်က မှဏ်ဉာဏ်တွေ မပါလာပဲနဲ့ပေါ့ ။ ဒါက သူ့အတွက် ဘုရားသခင် ပေးလိုက်သည့် လက်ဆောင်ပင် ။ သူ့အဖေ အမေရယ်က လွဲလို့ ကျန်သည့် မည်သူ တစ်ဦးတစ်ယောက်ကိုမှ သတိမရခဲ့သလို သူ့ရဲ့ ထိခိုက်ထားတဲ့ ဦးနှောက်ကလည်း ဖြစ်ခဲ့သမျှကို ဖျက်ခဲ့လိုက်ချေပြီ ။ ကံမကောင်းစွာနဲ့ ထိုဖျက်ပစ်လိုက်သည့် မှဏ်ဉာဏ်ထဲ SungChan လေး ပါနေခဲ့၏ ။

Melancholy [ Completed ]Where stories live. Discover now