အပိုင်း ၁၁

725 75 2
                                    

Unicode

         ‌ဆရာကြိုတင်မှာပေးထားသည့် Hotel တွေက မှန်ပြတင်းတွေနဲ့ ဖြစ်ပြီး ပင်လယ်ပြင်ကို လှမ်းမြင်နေရသည် ။ စိတ်မချလို့ ကားရပ်ရပ်ချင်း ဆရာ့ကားမှာ ပါသွားသည့် Hyuckie ကို အရင်ပြေးခေါ်ရသေးသည် ။

                          ..........................

          အုန်းရွက် ထန်းရွက်လေးတွေ မိုးထားသည့် တဲလေးတွေ တန််းစီ ဆောက်ပေးထားတာမို့ နားစရာ ကောင်းကောင်းရှိသည့်နေရာလေး ဖြစ် သည် ။ ရေမြင်‌တော့ ခရီးပန်းပါတယ်ဆိုတဲ့ Hyuckie က ဖျတ်ဖျတ်ကို လူးလို့ နေသည် ။ Suncream ပါသည့် lotion လူးပေးနေတာတောင် မပြီးသေးဘူး အတင်း ရေထဲ ဆင်းချင်နေလေ၏ ။

           " ဟာ ..မရသေးဘူးလား "

           " မရသေးဘူး ၊ ပြီးမှ ကိုကိုရေ ကျွန်တော့်အသားတွေ မဲပါပြီ လောင်ပါပြီ မလုပ်နဲ့ .၊ ငြိမ်ငြိမ်နေ ...!! "

           " အစကတည်းက ဖြူမှမဖြူပဲ ကိစ္စမရှိဘူး ၊ ပြီးရင် ဒါက ရေထဲ ပါသွားမှာကို ၊ ဆင်းချင်နေပါပြီဆို .."

          " မရှည်နဲ့ ၊ ရေထဲ ပါသွားတော့ ပြန်တက်လာရင် တစ်ခါ ထပ်လူးပေးမယ် "

            အညိုဆင် Sexy skin လေးကို ထိန်းသိမ်းစောင့်ရှောက်ပေးချင်တော့လည်း lotion တွေကို ဆိုင်မှာ တစ်နာရီလောက် အချိန်ယူ မေးပြီး ဝယ်လာခဲ့ရတာ ၊ အဲ့လို မလူး‌ပေးလို့ စားပစ်လိုက်ရမှာလား ။

          " ကိုကိုလည်း အတူဆင်းပါဆို .."

           " ညကျရင် လုပ်မယ့် မီးပုံပွဲအတွက် ကူစရာ ရှိသေးလို့ Hyuckie ရဲ့ ၊ ပြီးတာနဲ့ Hyuckie ဆော့နေတဲ့ နေရာဆီ တန်းလာခဲ့မယ်....သွား !! အရင်ဆင်းနှင့်.."

            ဆင်းဆိုသည့် ခွင့်ပြုချက် ရတာနဲ့ ရေထဲ ပြေးဆင်းသွားသည့် ကောင်လေးကို လှမ်းကြည့်နေမိသေးသည် ။ ဒါက ပထမဆုံး အကြိမ် နှစ်ယောက်အတူ ပင်လယ်ကြီးဆီ ရောက်ဖူးတာပေါ့ ။ မီးပုံပွဲအတွက် ပြင်ဆင်နေကြသည့် အုန်းပင်အရိပ်အောက်လေးဆီ တန်းမသွားသေးပဲ ဟိုခလေး ဘယ်သူတွေနဲ့ ဆော့နေလဲ ထောက်လှမ်းရသေးသည် ။

          " လာစမ်းပါ ဟျောင့်ရ ၊ မင်းဟာလေးကို ဘယ်သူမှ ဖမ်းမသွားပါဘူး ၊ လာလုပ်ကူစမ်းပါ .."

Melancholy [ Completed ]Where stories live. Discover now